• Follow Us on

Home စစ္ေသြးႂကြအုပ္စုမ်ားကို ေငြေၾကးေထာက္ပံ့သည္ဟု ပါကစၥတန္စြပ္စြဲမႈကို အိႏိၵယျငင္းဆို

စစ္ေသြးႂကြအုပ္စုမ်ားကို ေငြေၾကးေထာက္ပံ့သည္ဟု ပါကစၥတန္စြပ္စြဲမႈကို အိႏိၵယျငင္းဆို

Share this post

နယူးေဒလီ၊ ႏို၀င္ဘာ ၁၆

ပါကစၥတန္ေျမတြင္ စစ္ေသြးႂကြအဖြဲ႔ ၄ ဖြဲ႔ရပ္တည္ေနႏိုင္ေစရန္ အိႏၵိယကေငြေၾကးေထာက္ပံ့ေနသည္ဟု ပါကစၥတန္ဘက္ကစြပ္စြဲမႈကို အိႏၵိယႏိုင္ငံက တနဂၤေႏြေန႔တြင္ျငင္းဆိုခဲ့သည္။

သက္ေသအေထာက္အထားမ်ားကို ကုလသမဂၢအဖြဲ႕ႏွင့္ အျခားႏိုင္ငံတကာအဖြဲ႔အစည္းမ်ားထံေပး အပ္သြားမည္ဟု ပါကစၥတန္ႏိုင္ငံျခားေရး၀န္ႀကီးက စေနေန႔တြင္ေျပာသည္။

ထိုတမင္ရည္႐ြယ္သည့္စြပ္စြဲခ်က္ေၾကာင့္ လူအနည္းငယ္ကသာနားေယာင္လိမ့္မည္ဟု အိႏၵိယႏိုင္ငံျခားေရး ၀န္ႀကီးဌာနေျပာခြင့္ရသူ အႏူရက္ ဆရီဗာစတာဗာက ထုတ္ျပန္ခ်က္တခုတြင္ေျပာသည္။

ပါကစၥတန္ဘက္ကသာ စစ္ေသြးႂကြမ်ားကိုေထာက္ပံ့ထားျခင္းျဖစ္သည္ဟုလည္းေျပာဆိုၿပီး အိႏိၵယ၏ထို စြပ္စြဲခ်က္ကို ပါကစၥတန္က ယခင္ကတည္းကျငင္းဆိုထားသည္။

ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ေသာအိမ္နီးခ်င္းႏိုင္ငံမ်ားသည္ ၿဗိတိသွ်နယ္ခ်ဲ႕လက္ေအာက္မွ လြတ္ ေျမာက္ၿပီးေနာက္ပိုင္း စစ္ ၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေသာင္းက်န္းသူမ်ားကိုလက္နက္ေထာက္ပံ့ထားသည္ဟု အျပန္အလွန္စြပ္စြဲထားသည္။

Ref : India denies Pakistan’s allegations over funding of militant groups

#PeopleMedia

(unicode)
စစ်သွေးကြွအုပ်စုများကို ငွေကြေးထောက်ပံ့သည်ဟု ပါကစ္စတန်စွပ်စွဲမှုကို အိန္ဒိယငြင်းဆို
…………………………………………………

နယူးဒေလီ၊ နိုဝင်ဘာ ၁၆

ပါကစ္စတန်မြေတွင် စစ်သွေးကြွအဖွဲ့ ၄ ဖွဲ့ရပ်တည်နေနိုင်စေရန် အိန္ဒိယကငွေကြေးထောက်ပံ့နေသည်ဟု ပါကစ္စတန်ဘက်ကစွပ်စွဲမှုကို အိန္ဒိယနိုင်ငံက တနင်္ဂနွေနေ့တွင်ငြင်းဆိုခဲ့သည်။

သက်သေအထောက်အထားများကို ကုလသမဂ္ဂအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများထံပေး အပ်သွားမည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင်ပြောသည်။

ထိုတမင်ရည်ရွယ်သည့်စွပ်စွဲချက်ကြောင့် လူအနည်းငယ်ကသာနားယောင်လိမ့်မည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ အနူရက် ဆရီဗာစတာဗာက ထုတ်ပြန်ချက်တခုတွင်ပြောသည်။

ပါကစ္စတန်ဘက်ကသာ စစ်သွေးကြွများကိုထောက်ပံ့ထားခြင်းဖြစ်သည်ဟုလည်းပြောဆိုပြီး အိန္ဒိယ၏ထို စွပ်စွဲချက်ကို ပါကစ္စတန်က ယခင်ကတည်းကငြင်းဆိုထားသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သောအိမ်နီးချင်းနိုင်ငံများသည် ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ် မြောက်ပြီးနောက်ပိုင်း စစ် ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများကိုလက်နက်ထောက်ပံ့ထားသည်ဟု အပြန်အလှန်စွပ်စွဲထားသည်။

Ref : India denies Pakistan’s allegations over funding of militant groups

#PeopleMedia


Share this post