• Follow Us on

Home စစ်အေးတိုက်ပွဲစိတ်ဓာတ်ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်း ရေးကို အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ပြောကြား

စစ်အေးတိုက်ပွဲစိတ်ဓာတ်ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်း ရေးကို အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉ (People Media)

 

စစ်အေးတိုက်ပွဲစိတ်ဓာတ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်း ရေးကို အကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က ပြောသည်။

 

တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping သည် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပေကျင်း၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယုံကြည်မှုခိုင်မာခြင်း၊ ရဲရင့်စွာ ရှေ့သို့ချီ တက်ခြင်းဖြင့် ကပ်ရောဂါအလွန်ကာလတွင် သာယာလှပသောကမ္ဘာကြီးကို အတူတကွဖန်တီးခြင်း ခေါင်း စဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံအသီးသီးဟာ အတူလက်တွဲပြီး ကပ်ရောဂါကို စုပေါင်းအနိုင်ယူပြီး အန္တရာယ်အမျိုးမျိုးကို ဖြေရှင်းကာ ကမ္ဘာ့စီးပွားရေး တည်ငြိမ်ပြီး ပြန်လည်ဦးမော့လာစေဖို့ မြှင့်တင်ရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ကွာဟ ချက်ကို ကျော်လွှားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်အသက်သွင်းရမှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping က ပြောသည်။

 

သမိုင်းကို ဘက်စုံပြန်လည်ရှုမြင်ကြည့်လျှင် လူသားတို့သည် စမ်းသပ်မှုများနှင့် အကျပ်အတည်းများ တစ်ခုပြီး တစ်ခုကို အနိုင်ယူကျော်လွှားခြင်းဖြင့် တိုးတက်လာကြကြောင်း၊ ကျွန်ုပ်တို့သည် သမိုင်းတိုးတက်မှု၏ အတွေး အခေါ်အတွင်း ရှေ့သို့ချီတက်ပြီး ခေတ်ရေစီးကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က ပြောကြားခဲ့သည်။

 

#PeopleMedia #တရုတ်သမ္မတ

 

(unicode)


……………………………………………………………….

 


 


 


 


 


 

#PeopleMedia #တရုတျသမ်မတ


Share this post