• Follow Us on

Home စစ်မြေပြင်မှာ ရုရှားတပ်တွေ အကျအဆုံးများနေကြောင်း ဝါဒဖြန့်ကကြွားလုံးထုတ်နေစဉ်အတွင်း ယူကရိန်း တပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးနေ

စစ်မြေပြင်မှာ ရုရှားတပ်တွေ အကျအဆုံးများနေကြောင်း ဝါဒဖြန့်ကကြွားလုံးထုတ်နေစဉ်အတွင်း ယူကရိန်း တပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

ပြီးခဲ့တဲ့သီတင်းပတ်က တစ်ရက်တည်း အကျအဆုံးများစွာရှိခဲ့တယ်ဆိုတဲ့ သတင်းအပါအဝင် ယူကရိန်းမှာ ရုရှား တပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးလျက်ရှိကြောင်း ယူကရိန်းအစိုးရက တောက်လျှောက်ဝါဒဖြန့်ကြွားလုံး ထုတ် နေပေမဲ့ စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းတပ်ဖွဲ့ဝင် မယုံနိုင်လောက်အောင် ကျဆုံးလျက်ရှိကြောင်း New York Post က ရေးသားထားပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရုရှားတပ်တွေ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ကတည်းက နှစ် ဖက်အကျအဆုံးဟာ တစ်နိုင်ငံကို ခန့်မှန်း ၁၅၀,၀၀၀ ဝန်းကျင် ရှိကြောင်း အနောက်တိုင်းထောက်လှမ်းရေး သ တင်းရင်းမြစ်တွေက ခန့်မှန်းတွက်ချက်ထားကြောင်း Agence France-Presse က ဖော်ပြထားပါတယ်။

 

စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ နဲ့ ယူကရိန်းအရပ်သား ၃၀,၀၀၀ သေဆုံးခဲ့တယ်လို့ မကြာသေးခင် က အနောက်တိုင်းထောက်လှမ်းရေးသတင်းတွေအရ သိရကြောင်း နော်ဝေကာကွယ်ရေးအကြီးအကဲ အီးရစ် ခရစ္စတိုဖာဆန်က ပြီးခဲ့တဲ့လက နော်ဝေရုပ်သံဌာနကိုပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ကျဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းဟာ ၁၈၀,၀၀၀ ဝန်းကျင်ရှိကြောင်း ခရစ္စ တိုဖာဆန်က ပြောပါတယ်။

 

New York Times ရဲ့ရေးသားချက်အရ ရုရှားတပ်တွေရဲ့ အကျအဆုံးစာရင်းဟာ ၂၀၀,၀၀၀ ဝန်းကျင်အထိ ရှိ တယ်လို့ သိရကြောင်း အမေရိကန်အရာရှိတွေက မကြာသေးခင်က ပြောပါတယ်။

 

ယူကရိန်းနဲ့ ရုရှား အစိုးရနှစ်ဖက်စလုံးကတော့ များသောအားဖြင့် သတင်းအထောက်အထားခိုင်ခိုင်မာမာမတင် ပြနိုင်ဘဲ တစ်ဖက်က အကျအဆုံးစာရင်းတွေကို ပုံမှန်ပြောဆိုလေ့ရှိပါတယ်။

 

ပြီးခဲ့တဲ့ဇန်နဝါရီလနှောင်းပိုင်းမှာ ဗူလီဒါ (Vuhledar) မြို့ ကျောက်မီးသွေးမိုင်းကို အမှတ် ၁၅၅ ရေတပ်ကမ်း တက်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခဲ့တဲ့အတွက် ရုရှားတပ်ဖွဲ့ဝင် ၅၀၀၀ ကျော် ကျဆုံးခဲ့ကြောင်း ယူကရိန်းအ ရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောပါတယ်။

 

တိုက်ပွဲဖြစ်စဉ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်မဟာတပ်ဖွဲ့ဝင်တွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး တင့်ကား ၃၆ စီးအပါအဝင် စစ်လက်နက်ပစ္စည်း ၁၃၀ ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရ ကပြောပါ တယ်။

 

တစ်ရက်အတွင်းမှာ ရုရှားမရိန်းစစ်သည် ၁၅၀ နဲ့ ၃၀၀ ကြား သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဗရီစကီခရိုင်ရဲ့ သတင်းထုတ်ပြန်ရေးဌာနအကြီးအကဲ အိုလက်ဆီဒီမီထရပ်ရှ်စကီက ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားတပ်တွေ တစ်ညတည်း အင်အား ၁၀၃၀ ခန့် ကျဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ရုရှားတပ်ဖွဲ့ဝင်တွေကျဆုံးမှုစာရင်းဟာ ၁၃၃,၁၉၀ ရှိသွားပြီဖြစ်တယ်လို့ ယူက ရိန်းစစ်တပ်က ပြောပါတယ်။

 

ရုရှားဘက်ကလည်း ဇန်နဝါရီလတစ်လတည်းမှာတင် ယူကရိန်းတပ်ဖွဲ့ဝင် ၆၅၀၀ ကျဆုံးခဲ့ကြောင်း ပြောဆိုရင်း လတ်တလောသီတင်းပတ်တွေမှာ ယူကရိန်းတပ်ဖွဲ့ဝင်အကျအဆုံး မြင့်တက်လျက်ရှိတယ်လို့ ပြောပါတယ်။

 

စစ်ပွဲအတွင်း ယူကရိန်းအရပ်သားဦးရေ ၃၀၀၀၀ နဲ့ ၄၀၀၀၀ ကြား သေဆုံးခဲ့ကြောင်း အနောက်နိုင်ငံကသတင်း အချက်အလက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးသားထားပါတယ်။

 

စစ်ပွဲမှာ ကလေးသူငယ် ၄၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

 

အကျအဆုံးတွေများပြားပေမဲ့လည်း ရုရှားတပ်တွေဟာ အချိန်အတော်ကြာတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွား ဦးမှာဖြစ်ကြောင်း ခရစ္စတိုဖာဆန်က ပြောပါတယ်။

 

“စိုးရိမ်စရာအကောင်းဆုံးကိစ္စကတော့ ရုရှားလေတပ်ကို ယူကရိန်းက ကာကွယ်နိုင်ပါ့မလားဆိုတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Ukraine losing large number of troops as it boasts about Russian casualties

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Ukraine losing large number of troops as it boasts about Russian casualties

 

#PeopleMedia


Share this post