• Follow Us on

Home စည်ပင်သာယာလက်ထောက်ညွှန်ကြားရေးမှူးကို မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်မှ အဂတိ တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား

စည်ပင်သာယာလက်ထောက်ညွှန်ကြားရေးမှူးကို မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်မှ အဂတိ တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ သာယာဝတီခရိုင်၊ ရွာမရပ်ကွက်ရှိ အေးငြိမ်သာအာရုဏ်ဈေး၌ စည် ပင်သာယာလက်ထောက်ညွှန်ကြားရေးမှူးမှ ဈေးဆိုင်ခန်း ၂၀၀ အား လျှပ်စစ်မီးသုံးစွဲခ တစ်ရက်လျှင် ၂၀၀ ကျပ်၊ စုစုပေါင်း ၄၀၀၀၀ ကျပ်အား ၂ နှစ်ကျော်ကြာ ကောက်ခံလျှက်ရှိခဲ့ပြီး ယင်းငွေစာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းနိုင်ခြင်းမရှိသည့်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်မှ အဂတိတိုက်ဖျက်ရေးကော်မ ရှင်သို့ တိုင်ကြားစာပေးပို့ထားသည်။
 
အဆိုပါတိုင်ကြားစာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးသည် လျှပ်စစ်မီးသုံးစွဲသည့် ဈေးဆိုင်ခန်း ၂၀၀ ခန့်အား တစ်ရက်လျှင် မီးတစ်ပွင့်အတွက် မီးလင်းခ ၂၀၀ ကျပ် စုစုပေါင်း တစ်နေ့ကောက်ခံရရှိငွေ ၄၀၀၀၀ ကျပ်ကို ၂၀၁၉ ဇန်နဝါရီလမှ စတင်ကောက်ခံခဲ့ရာ ဌာနငွေစာရင်းတွေ ပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုး စီးပွားအတွက် ကောက်ခံသုံးစွဲခြင်းကို စစ်ဆေးအရေးယူပေးနိုင်ရန်ဟူ၍ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
“အကြောင်းပြန်ကြားစာတော့ မလာသေးပါဘူး။ စည်ပင်သာယာရေးအဖွဲ့ကနေပြီး ဆောင်ရွက်တဲ့လုပ်ငန်း ဆောင်တာမှန်သမျှက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များရဲ့ ဦးဆောင်မှုနဲ့သာ အားလုံးက ဆောင်ရွက်ရတယ်။ ဈေးမှာ မီးလင်းရေးကိစ္စတွေကို ကောက်တယ်ဆိုတာ သိတဲ့အခါကျတော့ မေးကြည့်တဲ့ အခါမှာ စည်ပင်သာယာရေးကော်မတီကို တင်ပြခြင်းမရှိဘူး၊ ခွင့်ပြုချက်တောင်းခြင်းမရှိဘဲနဲ့ ဆောင်ရွက်ထား တာကို တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ လိုအပ်တဲ့၊ လိုချင်တဲ့အချက်အလက်တွေမရခဲ့ဘူး။ ငွေစာရင်းတွေကို ဘယ်ခေါင်းစဉ်တွေနဲ့ သွင်းလည်းဆိုတာ ကျွန်မတို့ တောင်းတယ်၊ တောင်းတော့လည်း မပေးဘူး။ ဖြေရှင်းရမယ့်နည်းလမ်းကျတော့ တိုင်ကြားဖို့ပဲရှိတော့တယ်။ အဲဒါကြောင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို အဓိကလိပ်မူပြီးတော့ ပို့တယ်၊ ပို့တာတော့ ဌာနသုံးခုကိုပို့တာပါ” ဟု မြို့နယ်စည်ပင်ကော်မတီ အဖွဲ့ဝင်(၁)ဒေါ်သီတာအောင်မှ ပြောသည်။
 
 
လျှပ်စစ်မီးသုံးစွဲသည့် ဈေးဆိုင်ခန်း ၂၀၀ ခန့်အား တစ်ရက်လျှင် မီးတစ်ပွင့်အတွက် မီးလင်းခ ၂၀၀ ကျပ် စုစုပေါင်း တစ်နေ့ကောက်ခံရရှိငွေ ၄၀၀၀၀ ကျပ်ကိုပတ်သက်၍ ရှင်းလင်းမှုအား ယနေ့တိုင် ပြုလုပ်မှုမရှိသေး သည့်အတွက် မြန်မာနိုင်ငံအဂတိတိုက်ဖျက်ရေးကော်မရှင်သို့ အဓိကလိပ်မူထားသည့်အပြင် နိုင်ငံတော်သမ္မတ ရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့လည်း ပေးပို့ထားသည်။
 
Photo – Credit
 
#PeopleMedia #ACC #စည်ပင်
 
(unicode)
……………………………………………………
 
 
 
 
 
 
 
Photo – Credit
 

Share this post