• Follow Us on

Home စည်းကမ်းများလိုက်နာမှုမရှိ၍ မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီအား မှတ်ပုံလက်မှတ်ရုပ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်

စည်းကမ်းများလိုက်နာမှုမရှိ၍ မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီအား မှတ်ပုံလက်မှတ်ရုပ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁၂

 

စည်းကမ်းများလိုက်နာမှုမရှိ၍  မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီအား မှတ်ပုံလက်မှတ် ရုပ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

 

မြတ်နန်းယုံငွေရေးကြေးရေး ဝန်ဆောင်မှု ကုမ္ပဏီသည် ဗဟိုဘဏ်၏ ခွင့်ပြုချပ်မရှိဘဲ အခြားအဖွဲ့အစည်းနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လက်မှတ် စည်းကမ်းချက်ပါ လုပ်ငန်းများကို ကောင်းစွာအကောင် အထည်ဖော် ဆောင်ရွက်မှုမရှိခြင်း၊ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိတော့ခြင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ အတွက် လိုက်နာမှု မရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြက်စာရင်းစစ် အစီရင်ခံစာများ မတင်ပြနိုင်ခြင်းတို့ ကြောင့် Legal Entity ပျောက်ဆုံးနေခြင်းတို့ကို ဗဟိုဘဏ်၏ စစ်ဆေးမှုများအရ တွေ့ရှိရပြီး ၎င်းတို့ကို ပြုပြင် ဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရ ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြတ်နန်းယုံငွေရေးကြေးရေးဝန် ဆောင်မှု ကုမ္ပဏီအား ထုတ်ပေးထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင် လက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

(unicode)


………………………………………

 


 


 


 



Share this post