• Follow Us on

Home စည္းမဲ့ကမ္းမဲ့ ဒီမိုကေရစီေတြကို ေရွာင္ရွားၾကရမည္ဟု ျပည္သူ႔လႊတ္ေ တာ္တြင္ ေပ်ာ္ဘြယ္အမတ္ ဦးေသာင္းေအးေဆြးေႏြး ေျပာၾကား

စည္းမဲ့ကမ္းမဲ့ ဒီမိုကေရစီေတြကို ေရွာင္ရွားၾကရမည္ဟု ျပည္သူ႔လႊတ္ေ တာ္တြင္ ေပ်ာ္ဘြယ္အမတ္ ဦးေသာင္းေအးေဆြးေႏြး ေျပာၾကား

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၁၄

စည္းမဲ့ကမ္းမဲ့ ဒီမိုကေရစီေတြကိုေရွာင္ရွားၾကရမည္ဟု ေပ်ာ္ဘြယ္မဲဆႏၵနယ္မွျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္း ေအးကေျပာသည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၁၄ ရက္ က်င္းပသည့္ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၇ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း ဒုတိယ ေန႔ ေက်ာင္းေကာင္စီ အဆိုအားေဆြးေႏြးရာတြင္ ေပ်ာ္ဘြယ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ထည့္သြင္းေျပာၾကားခဲ့သည္။

“အဆိုရွင္ဟာေက်ာင္းေကာင္စီေတြ အမႈေဆာင္ေတြ ဥကၠ႒ေတြဒုဥကၠ႒ေတြကို ဘယ္လိုေရြးခ်ယ္သင့္တယ္ဆိုတာကို ေဆြး ေႏြးထားပါတယ္။ ေက်ာင္းေကာင္စီဖြဲ႕စည္းျခင္းဆိုင္ရာလုပ္ငန္းစဥ္ေတြကို လက္စြဲစာအုပ္မ်ားမွာ ဒီမိုကေရစီနည္းလမ္းက်စြာ အေသးစိတ္ေဖာ္ျပထားပါတယ္။ ေက်ာင္းတြင္းဒီမိုကေရစီနဲ႔ပတ္သက္လို႔ ဒီလက္စြဲစာအုပ္မွာ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ဆရာ၊ဆရာမမ်ားေရာ၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားပါ ပါ၀င္ေဆာင္ရြက္ေနတာျဖစ္တဲ့အတြက္ ဒါေတြကို ကြ်န္ေတာ္တို႔က ပူး ေပါင္းျဖည့္ဆည္းေဆာင္ရြက္ေပးရန္သာျဖစ္ပါတယ္။ တကယ္ေတာ့ ဒီမိုကေရစီဟာက်င့္စဥ္တစ္ခုပါ။ ကိုယ္တိုင္က်င့္ႀကံက်ိဳး ကုပ္အားထုတ္ရတဲ့အလုပ္ျဖစ္ပါတယ္။ အေျပာသက္သက္ သေဘာတရားသက္သက္နဲ႔ တည္ေဆာက္လို႔မရပါဘူး။ အနာဂါတ္ ႏိုင္ငံေတာ္မွာ ဒီမိုကေရစီအေလ့အက်င့္ေကာင္းေတြရွင္သန္ေစခ်င္တယ္ဆိုရင္ ေက်ာင္းသား၊ ေက်ာင္းသူ လူငယ္ေတြကို ႏိုင္ငံ ေရးပါတီေတြက မိမိတို႔ဝါဒနဲ႔ မိမိတို႔အလိုက်ျဖစ္ေအာင္ဖန္တီးျခင္း၊ ဒီမိုကေရစီနဲ႔ မင္းမဲ့စ႐ိုက္ကို ခြဲျခားမျပဘဲ လမ္းမေပၚဆြဲ တင္ျခင္းစတဲ့စည္းမဲ့ကမ္းမဲ့ဒီမိုကေရစီေတြကိုေရွာင္ရွားၾကရပါမယ္”ဟု ၎ကေျပာသည္။

အဆိုပါ ဦးဉာဏ္လင္းေရႊျပည္သာမဲဆႏၵနယ္မွ တင္သြင္းသည့္ ႏိုင္ငံေတာ္၏မ်ိဳးဆက္သစ္လူငယ္မ်ားအား ဒီမိုကေရစီအေလ့ အက်င့္ေကာင္းမ်ား ခိုင္ၿမဲစြာရရွိေစရန္ႏွင့္ ကာယ၊ဉာဏ၊စာရိတၱ ဘက္စုံဖြံၿဖဳိးတိုးတက္ေစရန္ ႏိုင္ငံေတာ္၏ အေျခခံႏွင့္ အဆင့္ ျမင့္ပညာေရး ေက်ာင္းမ်ားတြင္ အေျခခံအသင္းအဖြဲ႔မ်ား သက္မွတ္ဖြဲ႔စည္း၍ အသင္းအဖြဲ႕အလိုက္ အတန္းကိုယ္စားလွယ္မ်ား၊ ေက်ာင္းကိုယ္စားလွယ္မ်ားမွသည္ ေက်ာင္းေကာင္စီအထိ ဒီမိုကေရစီနည္းက် အဆင့္ဆင့္ေရြးခ်ယ္ဖြဲ႕စည္း၍ ကိုယ္တိုင္ပါ၀င္ ေဆာင္ရြက္ရသည့္ စနစ္တစ္ရပ္ကို ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွစ၍ အေကာင္အထည္ေဖာ္စီမံေဆာင္ရြက္ေပးရန္ တိုက္တြန္း ေၾကာင္းအဆိုအား လႊတ္ေတာ္ကိုယ္စားလွယ္၉ဦးပါ၀င္ေဆြးေႏြးခဲ့သည္။

“ဒီမိုကေရစီကိုေဖာ္ေဆာင္ေနတဲ့ လူပုဂၢဳိလ္ေတြကိုယ္တိုင္က လူငယ္ေတြရဲ႕ေရွ႕မွာ စစ္မွန္ၿပီး စည္းကမ္းျပည့္၀တဲ့ဒီမိုကေရစီကို ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳး၊ ကိုယ့္ယဥ္ေက်းမႈနဲ႔ ကိုက္ညီေအာင္ ျပဳမႈက်င့္ႀကံေဆာင္ရြက္ၾကရန္ အဓိကအေရးႀကီးပါတယ္။ လူငယ္ အားလုံးမိမိကိုယ္ကိုေကာင္းေအာင္ ကိုယ္စားမယ္ဆိုတဲ့စိတ္ကေန မိမိတိုင္းျပည္ေကာင္းေအာင္ႀကဳိးစားမယ္ဆိုတဲ့စိတ္ထိေမြးျမဴ ၿပီး ၀ံသာႏုရကၡိတတရား၊ ေလာလကပါတရား ခံယူက်င့္သုံးတတ္လာေအာင္ ေလ့က်င့္ပ်ိဳးေထာင္ေပးရမွာပဲျဖစ္ပါတယ္’’ဟု ေပ်ာ္ ဘြယ္မဲဆႏၵမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးကထပ္မံေျပာသည္။

#PeopleMedia

(unicode)
စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီတွေကို ရှောင်ရှားကြရမည်ဟု ပြည်သူ့လွှတ် ေတာ်တွင် ပျော်ဘွယ်အမတ် ဦးသောင်းအေးဆွေးနွေး ပြောကြား
…………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၄

စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီတွေကိုရှောင်ရှားကြရမည်ဟု ပျော်ဘွယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်း အေးကပြောသည်။

နေပြည်တော်တွင် ဇူလိုင် ၁၄ ရက် ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၇ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့ ကျောင်းကောင်စီ အဆိုအားဆွေးနွေးရာတွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ထည့်သွင်းပြောကြားခဲ့သည်။

“အဆိုရှင်ဟာကျောင်းကောင်စီတွေ အမှုဆောင်တွေ ဥက္ကဋ္ဌတွေဒုဥက္ကဋ္ဌတွေကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာကို ဆွေး နွေးထားပါတယ်။ ကျောင်းကောင်စီဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို လက်စွဲစာအုပ်များမှာ ဒီမိုကရေစီနည်းလမ်းကျစွာ အသေးစိတ်ဖော်ပြထားပါတယ်။ ကျောင်းတွင်းဒီမိုကရေစီနဲ့ပတ်သက်လို့ ဒီလက်စွဲစာအုပ်မှာ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဆရာ၊ဆရာမများရော၊ ကျောင်းသား၊ကျောင်းသူများပါ ပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒါတွေကို ကျွန်တော်တို့က ပူး ပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးရန်သာဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီဟာကျင့်စဉ်တစ်ခုပါ။ ကိုယ်တိုင်ကျင့်ကြံကျိုး ကုပ်အားထုတ်ရတဲ့အလုပ်ဖြစ်ပါတယ်။ အပြောသက်သက် သဘောတရားသက်သက်နဲ့ တည်ဆောက်လို့မရပါဘူး။ အနာဂါတ် နိုင်ငံတော်မှာ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေရှင်သန်စေချင်တယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူ လူငယ်တွေကို နိုင်ငံ ရေးပါတီတွေက မိမိတို့ဝါဒနဲ့ မိမိတို့အလိုကျဖြစ်အောင်ဖန်တီးခြင်း၊ ဒီမိုကရေစီနဲ့ မင်းမဲ့စရိုက်ကို ခွဲခြားမပြဘဲ လမ်းမပေါ်ဆွဲ တင်ခြင်းစတဲ့စည်းမဲ့ကမ်းမဲ့ဒီမိုကရေစီတွေကိုရှောင်ရှားကြရပါမယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ဦးဉာဏ်လင်းရွှေပြည်သာမဲဆန္ဒနယ်မှ တင်သွင်းသည့် နိုင်ငံတော်၏မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီအလေ့ အကျင့်ကောင်းများ ခိုင်မြဲစွာရရှိစေရန်နှင့် ကာယ၊ဉာဏ၊စာရိတ္တ ဘက်စုံဖွံဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ အခြေခံနှင့် အဆင့် မြင့်ပညာရေး ကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သက်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရသည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော်စီမံဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ်၉ဦးပါဝင်ဆွေးနွေးခဲ့သည်။

“ဒီမိုကရေစီကိုဖော်ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေကိုယ်တိုင်က လူငယ်တွေရဲ့ရှေ့မှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီကို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ပြုမှုကျင့်ကြံဆောင်ရွက်ကြရန် အဓိကအရေးကြီးပါတယ်။ လူငယ် အားလုံးမိမိကိုယ်ကိုကောင်းအောင် ကိုယ်စားမယ်ဆိုတဲ့စိတ်ကနေ မိမိတိုင်းပြည်ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ထိမွေးမြူ ပြီး ဝံသာနုရက္ခိတတရား၊ လောလကပါတရား ခံယူကျင့်သုံးတတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရမှာပဲဖြစ်ပါတယ်’’ဟု ပျော် ဘွယ်မဲဆန္ဒမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကထပ်မံပြောသည်။

#PeopleMedia


Share this post