• Follow Us on

Home စပါးအထြက္ႏႈန္းက်ဆင္းကာ ေဈးေကာင္းမရသျဖင့္ ေတာင္သူအခ်ိဳ႕ အခက္အခဲျဖစ္ေန

စပါးအထြက္ႏႈန္းက်ဆင္းကာ ေဈးေကာင္းမရသျဖင့္ ေတာင္သူအခ်ိဳ႕ အခက္အခဲျဖစ္ေန

Share this post

မိုးေကာင္း၊ ႏိုဝင္ဘာ ၂၉

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္မွ ေတာင္သူမ်ားအေနႏွင့္ ယခုႏွစ္ စပါးရိတ္သိမ္းသည့္ကာလအတြင္း စပါးအထြက္ႏႈန္းက်ဆင္းကာ ေဈးေကာင္းလဲမရသျဖင့္ ေတာင္သူအခ်ိဳ႕အခက္အခဲျဖစ္ေနေၾကာင္း စပါးစိုက္ ေတာင္သူမ်ားထံမွ သိရသည္။

မိုးေကာင္းၿမိဳ႕နယ္တြင္ စပါးစိုက္ဧက ခုႏွစ္ေသာင္းေက်ာ္တြင္ အစိုးရဆည္ေရေသာက္ ဧက (၃၀၀၀) ေက်ာ္သာရွိၿပီး အမ်ားစုမွာ မိုးေရခံလယ္မ်ားသာျဖစ္ၿပီး ယခုႏွစ္အတြင္း မိုးေရ မမွန္သျဖင့္ ယခုကဲ့သို႔ စပါးအထြက္ႏႈန္းက်ဆင္း ရျခင္းျဖစ္သည္ဟု ေတာင္သူတစ္ဦးက ေျပာျပသည္။

“ဒီမွာက မိုးေရခံလယ္က အမ်ားစုျဖစ္လို႔ မိုးရယ္ ေနရယ္ အခ်က္က်က်ေပးႏိုင္မွ အထြက္တိုးမွာျဖစ္ေပမဲ့ ဒီႏွစ္က မိုးကရြာရမဲ့ အခ်ိန္မရြာဘဲ မရြာသင့္တဲ့အခ်ိန္ရြာေတာ့ ေဒသအေခၚ စိမ့္ထတယ္ေခၚတာေပါ႔။ စိမ့္ထေတာ့‌ ေပါင္းျမက္လိုက္လာ‌ေရာ။‌ ေဆးထည့္ႏိုင္လို႔သာ ဒီ‌ေလာက္ထြက္လာတာ။ ဒါေၾကာင့္ ဒီႏွစ္ အထြက္နဲနဲက်ပါတယ္” ဟု ရြာသစ္ကြင္းမွ စပါးစိုက္ ေတာင္သူ ဦးစံမတူက ဆိုသည္။

အစိုးရအေနျဖင့္ စပါး တင္း (၁၀၀) ကို ငါးသိန္း သတ္မွတ္ထားေသာ္လည္း လက္ရွိတြင္ ဝယ္သူနည္းၿပီး ေဈးေကာင္းမရ၍ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

“အဓိကက ေဈးကြက္က လုံးဝကိုေပ်ာက္‌‌ေနတာ။ အစိုးရက စပါးတင္း(၁၀၀)ကို ငါးသိန္းလို႔သတ္မွတ္ထားေပမဲ့ ဒီမွာလာဝယ္ၾကတာက စပါးတစ္တင္း ပုံမွန္အေလးခ်ိန္က (၄၆)ေပါင္ျဖစ္ေပမဲ့ ရိတ္ၿပီးၿပီးျခင္း အစိုဓါတ္ရွိလို႔ဆိုၿပီး (၅၄)ေပါင္မွ (၅၀၀၀)က်ပ္ဘဲေပးတယ္။ တင္း(၁၀၀) ငါးသိန္းေဈးေပါ႔၊ ဒါေပမဲ့ ေတာင္သူေတြအေနနဲ႔ကလည္း ႏိုင္ငံေတာ္အေႂကြးေပးရမွာနဲ႔ လယ္စရိတ္စက ရွင္းစရာကလဲရွိေနေတာ့ ေရာင္းရတာေပါ႔။ ဒါလဲ‌ေရာင္းခ်င္တိုင္း ဝယ္သူကမရွိဘူး”ဟု ၎မွ ဆိုသည္။

မိုးေကာင္းၿမိဳ႕နယ္တြင္ ေျပာင္းလဲလာေသာ ရာသီဥတုႏွင့္ အညီ စိုက္ပ်ိဳးႏိုင္ရန္ စပါးမ်ိဳးေကာင္း၊ မ်ိဳးသန္႔ မ်ိဳးစပါးစိုက္ခင္းမ်ား ထူေထာင္၍ အသင္းအဖြဲ႕ လိုက္စိုက္ပ်ိဳးႏိုင္ေသာ နည္းစနစ္မ်ားႏွင့္ စံျပစိုက္ခင္းမ်ားကို လုပ္ေဆာင္ေပးေနေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိန္လြင္မွ ေျပာျပသည္။

“ဒီမွာက ဆည္ေရေသာက္လယ္ကနည္းၿပီး မိုးေရခံလယ္ကအမ်ားစုျဖစ္တယ္။ ႏွစ္သီးစားစိုက္တဲ့ လယ္ကလည္းမရွိဘူး။ လယ္ရိတ္ၿပီးရင္ပစ္ထားလိုက္တယ္။ အျခား‌ေျမဆီလႊာတက္‌ေစတဲ့ သီးႏွံစိုက္တာ မရွိေတာ့ဘူး။ ဥပမာ ေျမဆီလႊာတက္‌ေစတဲ့ ပဲတစ္မ်ိဳးမ်ိဳးကို ၃ႏွစ္ေလာက္စိုက္မယ္ဆိုရင္ ေတာင္သူေတြအေနနဲ႔‌ စပါးစိုက္ခ်ိန္မွာ အရင္လို‌ေျမဩဇာကို သိပ္မသုံးရေတာ့ဘဲ အထြက္တိုးလာမွာျဖစ္ပါတယ္။ ဒီႏွစ္ၿမိဳ႕နယ္မွာ တစ္ခ်ိဳ႕ကြင္းေတြမွာ အထြက္တိုး‌ေပမဲ့ အမ်ားစုကအထြက္ႏႈန္းက်ေနေတာ့ ပွ်မ္းမွ်လိုက္ရင္ အထြက္နဲနဲက်ႏိုင္တယ္ “လို႔ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိန္လြင္မွ ဆိုသည္။

မိုးေကာင္းၿမိဳ႕နယ္ ေတာင္နီကြင္းရွိ စပါးစိုက္ဧက တစ္ေသာင္းေက်ာ္တြင္ မုန္႔ႏွစ္ေခ်ာင္းေရ ရသျဖင့္ တစ္ဧကလွ်င္ ပွ်မ္းမွ်တင္း(၁၀၀) ခန္႔ထြက္ရွိေၾကာင္း ေတာင္နီေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေက်ာ္ဦးမွ ဆိုသည္။

“အခ်ိဳ႕လယ္ေတြကစပါးရိတ္ၿပီးၿပီးျခင္း ပဲပုပ္ကိုစိုက္ၾကေတာ့ ေျမဆီလႊာတက္ၿပီး ေျမဩဇာသိပ္မသုံးရဘဲ အထြက္ေကာင္းေနတာပါ” ဟု ဦးေက်ာ္ေက်ာ္ဦးမွ ေျပာျပသည္။

မိုးေကာင္းၿမိဳ႕နယ္တြင္ ၂၀၁၈-၁၉ ခုႏွစ္က စပါးစိုက္ဧက (၇၅၁၇၆) ဧကတြင္ စပါး(၅၅၁၆၁၆၈)တင္း ထြက္ရွိကာ တစ္ဧကအထြက္ႏႈန္း (၇၃.၃၈)တင္း ျဖစ္ေၾကာင္း သိရသည္။

ခ်ိဳေမာင္

#PeopleMedia #EPN

(unicode)
စပါးအထွက်နှုန်းကျဆင်းကာ ဈေးကောင်းမရသဖြင့် တောင်သူအချို့ အခက်အခဲဖြစ်နေ

မိုးကောင်း၊ နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ တောင်သူများအနေနှင့် ယခုနှစ် စပါးရိတ်သိမ်းသည့်ကာလအတွင်း စပါးအထွက်နှုန်းကျဆင်းကာ ဈေးကောင်းလဲမရသဖြင့် တောင်သူအချို့အခက်အခဲဖြစ်နေကြောင်း စပါးစိုက် တောင်သူများထံမှ သိရသည်။

မိုးကောင်းမြို့နယ်တွင် စပါးစိုက်ဧက ခုနှစ်သောင်းကျော်တွင် အစိုးရဆည်ရေသောက် ဧက (၃၀၀၀) ကျော်သာရှိပြီး အများစုမှာ မိုးရေခံလယ်များသာဖြစ်ပြီး ယခုနှစ်အတွင်း မိုးရေ မမှန်သဖြင့် ယခုကဲ့သို့ စပါးအထွက်နှုန်းကျဆင်း ရခြင်းဖြစ်သည်ဟု တောင်သူတစ်ဦးက ပြောပြသည်။

“ဒီမှာက မိုးရေခံလယ်က အများစုဖြစ်လို့ မိုးရယ် နေရယ် အချက်ကျကျပေးနိုင်မှ အထွက်တိုးမှာဖြစ်ပေမဲ့ ဒီနှစ်က မိုးကရွာရမဲ့ အချိန်မရွာဘဲ မရွာသင့်တဲ့အချိန်ရွာတော့ ဒေသအခေါ် စိမ့်ထတယ်ခေါ်တာပေါ့။ စိမ့်ထတော့‌ ပေါင်းမြက်လိုက်လာ‌ရော။‌ ဆေးထည့်နိုင်လို့သာ ဒီ‌လောက်ထွက်လာတာ။ ဒါကြောင့် ဒီနှစ် အထွက်နဲနဲကျပါတယ်” ဟု ရွာသစ်ကွင်းမှ စပါးစိုက် တောင်သူ ဦးစံမတူက ဆိုသည်။

အစိုးရအနေဖြင့် စပါး တင်း (၁၀၀) ကို ငါးသိန်း သတ်မှတ်ထားသော်လည်း လက်ရှိတွင် ဝယ်သူနည်းပြီး ဈေးကောင်းမရ၍ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အဓိကက ဈေးကွက်က လုံးဝကိုပျောက်‌‌နေတာ။ အစိုးရက စပါးတင်း(၁၀၀)ကို ငါးသိန်းလို့သတ်မှတ်ထားပေမဲ့ ဒီမှာလာဝယ်ကြတာက စပါးတစ်တင်း ပုံမှန်အလေးချိန်က (၄၆)ပေါင်ဖြစ်ပေမဲ့ ရိတ်ပြီးပြီးခြင်း အစိုဓါတ်ရှိလို့ဆိုပြီး (၅၄)ပေါင်မှ (၅၀၀၀)ကျပ်ဘဲပေးတယ်။ တင်း(၁၀၀) ငါးသိန်းဈေးပေါ့၊ ဒါပေမဲ့ တောင်သူတွေအနေနဲ့ကလည်း နိုင်ငံတော်အကြွေးပေးရမှာနဲ့ လယ်စရိတ်စက ရှင်းစရာကလဲရှိနေတော့ ရောင်းရတာပေါ့။ ဒါလဲ‌ရောင်းချင်တိုင်း ဝယ်သူကမရှိဘူး”ဟု ၎င်းမှ ဆိုသည်။

မိုးကောင်းမြို့နယ်တွင် ပြောင်းလဲလာသော ရာသီဥတုနှင့် အညီ စိုက်ပျိုးနိုင်ရန် စပါးမျိုးကောင်း၊ မျိုးသန့် မျိုးစပါးစိုက်ခင်းများ ထူထောင်၍ အသင်းအဖွဲ့ လိုက်စိုက်ပျိုးနိုင်သော နည်းစနစ်များနှင့် စံပြစိုက်ခင်းများကို လုပ်ဆောင်ပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိန်လွင်မှ ပြောပြသည်။

“ဒီမှာက ဆည်ရေသောက်လယ်ကနည်းပြီး မိုးရေခံလယ်ကအများစုဖြစ်တယ်။ နှစ်သီးစားစိုက်တဲ့ လယ်ကလည်းမရှိဘူး။ လယ်ရိတ်ပြီးရင်ပစ်ထားလိုက်တယ်။ အခြား‌မြေဆီလွှာတက်‌စေတဲ့ သီးနှံစိုက်တာ မရှိတော့ဘူး။ ဥပမာ မြေဆီလွှာတက်‌စေတဲ့ ပဲတစ်မျိုးမျိုးကို ၃နှစ်လောက်စိုက်မယ်ဆိုရင် တောင်သူတွေအနေနဲ့‌ စပါးစိုက်ချိန်မှာ အရင်လို‌မြေဩဇာကို သိပ်မသုံးရတော့ဘဲ အထွက်တိုးလာမှာဖြစ်ပါတယ်။ ဒီနှစ်မြို့နယ်မှာ တစ်ချို့ကွင်းတွေမှာ အထွက်တိုး‌ပေမဲ့ အများစုကအထွက်နှုန်းကျနေတော့ ပျှမ်းမျှလိုက်ရင် အထွက်နဲနဲကျနိုင်တယ် “လို့ မြို့နယ်ဦးစီးမှူး ဦးစိန်လွင်မှ ဆိုသည်။

မိုးကောင်းမြို့နယ် တောင်နီကွင်းရှိ စပါးစိုက်ဧက တစ်သောင်းကျော်တွင် မုန့်နှစ်ချောင်းရေ ရသဖြင့် တစ်ဧကလျှင် ပျှမ်းမျှတင်း(၁၀၀) ခန့်ထွက်ရှိကြောင်း တောင်နီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးမှ ဆိုသည်။

“အချို့လယ်တွေကစပါးရိတ်ပြီးပြီးခြင်း ပဲပုပ်ကိုစိုက်ကြတော့ မြေဆီလွှာတက်ပြီး မြေဩဇာသိပ်မသုံးရဘဲ အထွက်ကောင်းနေတာပါ” ဟု ဦးကျော်ကျော်ဦးမှ ပြောပြသည်။

မိုးကောင်းမြို့နယ်တွင် ၂၀၁၈-၁၉ ခုနှစ်က စပါးစိုက်ဧက (၇၅၁၇၆) ဧကတွင် စပါး(၅၅၁၆၁၆၈)တင်း ထွက်ရှိကာ တစ်ဧကအထွက်နှုန်း (၇၃.၃၈)တင်း ဖြစ်ကြောင်း သိရသည်။

ချိုမောင်

#PeopleMedia #EPN


Share this post