• Follow Us on

Home စပိန္သည္ ကမၻာ၌ ေသဆုံးမႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္လာ

စပိန္သည္ ကမၻာ၌ ေသဆုံးမႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္လာ

Share this post

၂၀၂၀၊ မတ္ ၂၆

စပိန္ႏိုင္ငံ၌ ယမန္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ တ႐ုတ္ႏိုင္ငံထက္ပိုမိုမ်ားခဲ့ၿပီး တစ္ရက္အတြင္း ၇၃၈ ဦး ထပ္မံေသဆုံးခဲ့သည္။

စပိန္၌ေသဆုံးသူ စုစုေပါင္း ၃၄၃၄ ဦး၊အီတလီ၌ ေသဆုံးသူ ၇၅၀၃ ဦး၊ တ႐ုတ္ႏိုင္ငံ၌ ေသဆုံးသူ ၃၂၈၁ ဦးရွိခဲ့သျဖင့္ ကမၻာ၌ အီတလီၿပီးလွ်င္ စပိန္သည္ ဒုတိယလူေသဆုံးမႈအမ်ားဆုံးေနရာတြင္ရွိသည္။

စပိန္၌ ကူးစက္လူနာ ၄၇၆၁၀ ဦးအထိ ျမင့္တက္လာခဲ့ၿပီး ကိုဗစ္-၁၉ ျဖစ္ပြားမႈထိန္းခ်ဳပ္ရန္ စပိန္ႏိုင္ငံက ျပည္ သူမ်ား အသြား၊အလာျပဳလုပ္ခြင့္ ပိတ္ပင္ထားသည့္ ၁၁ ရက္ေျမာက္တြင္ ေသဆုံးသူဦးေရကို ေၾကညာခဲ့ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ တနဂၤလာေန႔ကတည္းက ေဆး႐ုံတက္ေရာက္ေနသည့္ စပိန္ဒုတိယဝန္ႀကီးခ်ဳပ္ ကာမန္းကယ္ လ္ဗိုမွာ ကိုဗစ္-၁၉ ကူးစက္ခံထားရၿပီး အေျခအေနတိုးတက္လာၿပီဟု အစိုးရက ေျပာသည္။ ဝန္ႀကီးခ်ဳပ္ ပတ္ဒ႐ို ဆန္းခ်က္ဇ္၏ အစိုးရအဖြဲ႕ဝင္ႏွစ္ဦးလည္း ကိုဗစ္-၁၉ ကူးစက္ခံထားရသည္။

ေသဆုံးသူအေရအတြက္ ျမင့္တက္လာျခင္းက စပိန္ႏိုင္ငံ၏ က်န္းမာေရးစနစ္ကို ၿပိဳလဲလုနီးပါး အေျခအေန ေရာက္ရွိေစခဲ့သည္။ ေရွ႕တန္းလုပ္သားမ်ားႏွင့္ က်န္းမာေရးဝန္ထမ္း ၅၄၀၀ ေက်ာ္ ကိုဗစ္-၁၉ ကူးစက္ခံထား ရျခင္းေၾကာင့္ စမ္းသပ္စစ္ေဆးရန္၊ ကုသရန္ႏွင့္ အကာအကြယ္ေပးရန္ ေဆးဝါးကိရိယာမ်ားျပတ္လပ္မႈ စပိန္ႏိုင္ငံက ရင္ဆိုင္ေနရသည္။

ထိုျပႆနာေျဖရွင္းရန္ အစိုးရက တ႐ုတ္ႏိုင္ငံႏွင့္ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီး ဆယ္လ္ေဗဒိုအီလာက ေျပာသည္။
ယူ႐ို ၄၃၂ သန္းတန္ေၾကးရွိ သေဘာတူညီခ်က္အရ စပိန္ ႏိုင္ငံက တ႐ုတ္ႏိုင္ငံမွ မ်က္ႏွာဖုံး ၅၅၀ သန္း၊ စစ္ေဆးေရးကိရိယာ ၅ ဒသမ ၅ သန္း၊ အသက္ရႈစက္ ၉၅၀ ႏွင့္ လက္အိတ္ အစုံ ၁၁ သန္း ဝယ္ယူမည္ျဖစ္သည္။

ကိုးကား – အက္စ္ဘီအက္စ္နယူး

Ref; Spain’s national COVID-19 death toll second only to Italy as country turns to China for help

#PeopleMedia

(Unicode)
စပိန်သည် ကမ္ဘာ၌ သေဆုံးမှုနှုန်း ဒုတိယအများဆုံးဖြစ်လာ
…………………………………………………….

၂၀၂၀၊ မတ် ၂၆

စပိန်နိုင်ငံ၌ ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တရုတ်နိုင်ငံထက်ပိုမိုများခဲ့ပြီး တစ်ရက်အတွင်း ၇၃၈ ဦး ထပ်မံသေဆုံးခဲ့သည်။

စပိန်၌သေဆုံးသူ စုစုပေါင်း ၃၄၃၄ ဦး၊အီတလီ၌ သေဆုံးသူ ၇၅၀၃ ဦး၊ တရုတ်နိုင်ငံ၌ သေဆုံးသူ ၃၂၈၁ ဦးရှိခဲ့သဖြင့် ကမ္ဘာ၌ အီတလီပြီးလျှင် စပိန်သည် ဒုတိယလူသေဆုံးမှုအများဆုံးနေရာတွင်ရှိသည်။

စပိန်၌ ကူးစက်လူနာ ၄၇၆၁၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုထိန်းချုပ်ရန် စပိန်နိုင်ငံက ပြည် သူများ အသွား၊အလာပြုလုပ်ခွင့် ပိတ်ပင်ထားသည့် ၁၁ ရက်မြောက်တွင် သေဆုံးသူဦးရေကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂလာနေ့ကတည်းက ဆေးရုံတက်ရောက်နေသည့် စပိန်ဒုတိယဝန်ကြီးချုပ် ကာမန်းကယ် လ်ဗိုမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး အခြေအနေတိုးတက်လာပြီဟု အစိုးရက ပြောသည်။ ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်၏ အစိုးရအဖွဲ့ဝင်နှစ်ဦးလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရသည်။

သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းက စပိန်နိုင်ငံ၏ ကျန်းမာရေးစနစ်ကို ပြိုလဲလုနီးပါး အခြေအနေ ရောက်ရှိစေခဲ့သည်။ ရှေ့တန်းလုပ်သားများနှင့် ကျန်းမာရေးဝန်ထမ်း ၅၄၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံထား ရခြင်းကြောင့် စမ်းသပ်စစ်ဆေးရန်၊ ကုသရန်နှင့် အကာအကွယ်ပေးရန် ဆေးဝါးကိရိယာများပြတ်လပ်မှု စပိန်နိုင်ငံက ရင်ဆိုင်နေရသည်။

ထိုပြဿနာဖြေရှင်းရန် အစိုးရက တရုတ်နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗေဒိုအီလာက ပြောသည်။
ယူရို ၄၃၂ သန်းတန်ကြေးရှိ သဘောတူညီချက်အရ စပိန် နိုင်ငံက တရုတ်နိုင်ငံမှ မျက်နှာဖုံး ၅၅၀ သန်း၊ စစ်ဆေးရေးကိရိယာ ၅ ဒသမ ၅ သန်း၊ အသက်ရှုစက် ၉၅၀ နှင့် လက်အိတ် အစုံ ၁၁ သန်း ဝယ်ယူမည်ဖြစ်သည်။

ကိုးကား – အက်စ်ဘီအက်စ်နယူး

Ref; Spain’s national COVID-19 death toll second only to Italy as country turns to China for help

#PeopleMedia


Share this post