• Follow Us on

Home စမ္းသပ္ေနသည့္ႏွာေခါင္းျဖန္းေဆးသည္ ကို႐ိုနာဗိုင္းရပ္စ္ႀကီးထြားမႈေလွ်ာ့ခ်ေပးေၾကာင္း ၾသစေၾတးလ် ကုမၸဏီေျပာ

စမ္းသပ္ေနသည့္ႏွာေခါင္းျဖန္းေဆးသည္ ကို႐ိုနာဗိုင္းရပ္စ္ႀကီးထြားမႈေလွ်ာ့ခ်ေပးေၾကာင္း ၾသစေၾတးလ် ကုမၸဏီေျပာ

Share this post

ဆစ္ဒနီ၊ စက္တင္ဘာ ၂၈

ရာသီအကူးအေျပာင္းအဖ်ားႏွင့္တုပ္ေကြးကိုတိုက္ဖ်က္ရန္ ေရာဂါခုခံေရးစနစ္ကိုတိုးတက္ေစမည့္ ထုတ္ လုပ္ေနေသာေဆးသည္ မၾကာေသးမီကတိရစာၦန္မ်ားတြင္ စမ္းသပ္ရာ၌ ကို႐ိုနာဗိုင္းရပ္စ္ႀကီးထြားမႈကို ေလ်ာ့က်ေစေၾကာင္း ၾသစေၾတးလ်ဇီ၀နည္းပညာကုမၸဏီ အီနာရက္စပီေရထရီက တနလၤာေန႔တြင္ေျပာသည္။

COVID-19 ေရာဂါကာကြယ္ေဆးမ်ားကို အားျဖည့္ႏိုင္မည့္ အင္နာ-၀၅၁ ေဆးကို ေႁမြပါကတိုးျဖဴမ်ားကို စမ္းသပ္မႈသည္ ေရာဂါျဖစ္သည့္ကုိ႐ိုနာဗိုင္းရပ္စ္ပိုးမ်ားကို ၉၆ ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်ႏိုင္သည္ဟု ကုမၸဏီကေျပာသည္။

ၿဗိတိန္အစိုးရလက္ေအာက္ခံအဂၤလန္ျပည္သူ႔က်န္းမာေရးေအဂ်င္စီက ေလ့လာမႈကို ဦးေဆာင္ခဲ့ျခင္းျဖစ္သည္။

အဆိပ္ျဖစ္ေစျခင္း႐ွိ၊ မ႐ွိေလ့လာမႈမ်ားႏွင့္ စည္းကမ္းထိန္းသိမ္းမႈဆိုင္ရာခြင့္ျပဳမႈမ်ားၿပီးပါက လာမည့္ ၄ လအတြင္း ထိုေဆးကို လူသားမ်ားတြင္စမ္းသပ္ရန္အဆင္သင့္႐ွိေနသည္ဟု ကုမၸဏီကေျပာသည္။

ထိုျဖန္းေဆးအတြက္ ကုမၸဏီက အေမရိကန္ေဒၚလာ ၈.၂၄ သန္းအကုန္အက်ခံထားၿပီး ဘရန္ဒန္ကတ္ပီတယ္၊ ၾသစေၾတးလ်အစိုးရ၊ ပင္စင္ရန္ပံုေငြႏွင့္ ဇီ၀နည္းပညာကုမၸဏီ စီအက္စ္လယ္တို႔လည္း ပါ၀င္ရင္းႏွီးျမွဳပ္ႏွံသည္။

Ref : Australian firm says its nasal spray reduced coronavirus growth in animal study

#PeopleMedia

(Unicode)
စမ်းသပ်နေသည့်နှာခေါင်းဖြန်းဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကြီးထွားမှုလျှော့ချပေးကြောင်း သြစတြေးလျ ကုမ္ပဏီပြော
………………………………………

ဆစ်ဒနီ၊ စက်တင်ဘာ ၂၈

ရာသီအကူးအပြောင်းအဖျားနှင့်တုပ်ကွေးကိုတိုက်ဖျက်ရန် ရောဂါခုခံရေးစနစ်ကိုတိုးတက်စေမည့် ထုတ် လုပ်နေသောဆေးသည် မကြာသေးမီကတိရစ္ဆာန်များတွင် စမ်းသပ်ရာ၌ ကိုရိုနာဗိုင်းရပ်စ်ကြီးထွားမှုကို လျော့ကျစေကြောင်း သြစတြေးလျဇီဝနည်းပညာကုမ္ပဏီ အီနာရက်စပီရေထရီက တနင်္လာနေ့တွင်ပြောသည်။

COVID-19 ရောဂါကာကွယ်ဆေးများကို အားဖြည့်နိုင်မည့် အင်နာ-၀၅၁ ဆေးကို မြွေပါကတိုးဖြူများကို စမ်းသပ်မှုသည် ရောဂါဖြစ်သည့်ကိုရိုနာဗိုင်းရပ်စ်ပိုးများကို ၉၆ ရာခိုင်နှုန်းအထိလျှော့ချနိုင်သည်ဟု ကုမ္ပဏီကပြောသည်။

ဗြိတိန်အစိုးရလက်အောက်ခံအင်္ဂလန်ပြည်သူ့ကျန်းမာရေးအေဂျင်စီက လေ့လာမှုကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိပ်ဖြစ်စေခြင်းရှိ၊ မရှိလေ့လာမှုများနှင့် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာခွင့်ပြုမှုများပြီးပါက လာမည့် ၄ လအတွင်း ထိုဆေးကို လူသားများတွင်စမ်းသပ်ရန်အဆင်သင့်ရှိနေသည်ဟု ကုမ္ပဏီကပြောသည်။

ထိုဖြန်းဆေးအတွက် ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈.၂၄ သန်းအကုန်အကျခံထားပြီး ဘရန်ဒန်ကတ်ပီတယ်၊ သြစတြေးလျအစိုးရ၊ ပင်စင်ရန်ပုံငွေနှင့် ဇီဝနည်းပညာကုမ္ပဏီ စီအက်စ်လယ်တို့လည်း ပါဝင်ရင်းနှီးမြှုပ်နှံသည်။

Ref : Australian firm says its nasal spray reduced coronavirus growth in animal study

#PeopleMedia


Share this post