• Follow Us on

Home စမ်းချောင်းမြို့နယ်၌ လုံခြုံရေးယာဉ်တစ်စီး လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရပြီး ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဗိုလ်မှူး တစ်ဦးနှင့် တပ်သားတစ်ဦး ကျဆုံး

စမ်းချောင်းမြို့နယ်၌ လုံခြုံရေးယာဉ်တစ်စီး လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရပြီး ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဗိုလ်မှူး တစ်ဦးနှင့် တပ်သားတစ်ဦး ကျဆုံး

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၀ (People Media)

 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်း၌ လုံခြုံရေးယာဉ်တစ်စီး လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံခဲ့ရပြီးနောက် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဗိုလ်မှူးအဆင့်ရှိသူ တပ်မတော်အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက်နေ့ ညနေ၌ လှည့်ကင်းဆောင်ရွက်နေသည့် ယာဉ်သည် စမ်းချောင်းမြို့၊ ဗဟို လမ်းမကြီးအနီး၌ ကားအတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ပြီးနောက် ကားရှေ့ခန်း၌ လိုက်ပါလာသည့် ဗိုလ်မှူး သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့သည်။

 

အဆိုပါဖြစ်စဉ်အပေါ် လုံခြုံရေးအဖွဲ့များက ဖြစ်စဉ်နေရာနှင့် ဆက်စပ်သည့် နေရာတစ်ဝိုက်ကို ပိတ်ဆို့ ရှာဖွေမှု များ ပြုလုပ်ခဲ့သည်။

 

#PeopleMedia #စမ်းချောင်းမြို့

 

(unicode)


…………………………………………………………………..

 


 


 


 


 



Share this post