• Follow Us on
Latest News

Home စမ်းချောင်းမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တစ်စီးကို လက်ပစ်ဗုံး၊ လက်နက် ငယ်တို့ဖြင့် ပစ်ခတ်သွားသူများနှင့် ဆက်စပ်တရားခံ စုစုပေါင်း ၁၈ ဦး ဖမ်းဆီးခံရ

စမ်းချောင်းမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တစ်စီးကို လက်ပစ်ဗုံး၊ လက်နက် ငယ်တို့ဖြင့် ပစ်ခတ်သွားသူများနှင့် ဆက်စပ်တရားခံ စုစုပေါင်း ၁၈ ဦး ဖမ်းဆီးခံရ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံ၌ လှည့်ကင်း ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တစ်စီးကို လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သွားသူများနှင့် စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

စက်တင်ဘာလ ၉ ရက်နေ့တွင် အဆိုပါစမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံ၌ လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံများကို ဖမ်းဆီးရမိ ရေးဆောင်ရွက်လျက်ရှိရာ သတင်းပေးပို့ချက်အရ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ မြို့မရပ် ကွက်၊ ပိုက်လုံးလမ်း၊ တိုက်(၇၀)၊ အခန်း(၄၁)သို့ ဝင်ရောက်ရှာဖွေရာ ကျော်စိုးလင်း(ခ)မိုက်ကယ်၊ ဇော်လင်း ထွန်း၊ စည်သူဖြိုး(ခ)ဇင်ကိုတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

၎င်းတို့ ၃ ဦး၏ထွက်ဆိုချက်အရ လှိုင်မြို့နယ် ၄ ရက်ကွက်၊ ဘုရင့်နောင်လမ်းရှိ Super Luck လက်ဘက် ရည်ဆိုင်သို့ ဝင် ရောက်ရှာဖွေရာ သဲမောင်မောင်နှင့် အောင်ပြည့်တို့အား MG-1 လက်ပစ်ဗုံးတစ်လုံး၊ လက် လုပ်ဗုံး ၅ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် စစ်ဆေးချက်အရ ကမာရွတ်မြို့နယ်၊ ၅ ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ အမှတ်(၁၅၆)သို့ ဝင်ရောက် ရှာဖွေခဲ့ရာ ဝေယံ(ခ)ဝေယံပိုင်၊ ကျော်ကျော်ခန့်နှင့် ရဲရင့်ကို(ခ)ရဲရဲတို့ ၃ ဦးနှင့် စမ်းချောင်းလမ်းရှိ လမင်းထွန်း (ခ)အမွန်းအား ၉ မမ ပစ္စတိုတစ်လက်၊ ၉ မမကျည် ၆၈ တောင့်၊ MG-1 လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းမျိုးစုံ ၃ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဆက်လက်ပြီး တရားခံ လမင်းထွန်း၏ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ် City Mart အနီးတွင် ဆက် စပ်တရားခံ ဘိုဘို(ခ)Y2B အားဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးကျော်အနီးရှိ နေအိမ်အားရှာဖွေခဲ့ရာ AK-47 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၅ ဒသမ ၅၆ ကျည် ၆၀ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး၊ ဒီတိုနေတာ ၂ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအပြင် ကမာ ရွတ်မြို့နယ်၊ ခိုင်ရွှေဝါလမ်းထိမ်၌ စည်သူ(ခ)ဒန်းနစ်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီးနောက် တရားခံဝေယံထွန်းဦး၏ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်ရှိ အာကာကျော်ထူး၏နေအိမ်အား ရှာဖွေခဲ့ရာ MK-12 သေ နတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ၉ မမကျည် ၅ တောင့်၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ်အသေး ၁ ခု နှင့်အကြီး ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ယင်းအပြင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်ရှိ ခိုင်ရွှေဝါလမ်းအား ရှာဖွေခဲ့ရာ မျိုးဝဏ္ဏမင်း၊ အေးမြတ်သွယ်နှင့် ရဲမြင့်အောင်တို့အားဦးအား FGC9 MK-2 သေနတ်တစ်လက်၊ ၉ မမကျည် ၅ တောင့်၊ ဒရုန်းတစ်ခုတို့နှင့်အတူ တရားခံလမင်းထွန်းဦးထွက်ဆိုချက်အရ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

 

ဖြစ်စဉ်တွင်ပါဝင်သည့် တရားခံများအား ဖမ်းဆီးရမိမှုအနေဖြင့် စုစုပေါင်း ကျား ၁၆ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၈ ဦး ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအနေဖြင့် လက်နက်ငယ်မျိုးစုံ ၅ လက်၊ ကျည်မျိုး စုံ ၁၆၆ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၄ လုံး၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ လက်လုပ်ဗုံး ၃၀၊ ဒရုန်း ၁ ခုနှင့် ဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ကြေညာခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 



Share this post