• Follow Us on

Home စလင်းမြို့မဈေးမီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁၂၀) ကျော် မီးလောင်ခဲ့သည့်ဖြစ်စဉ်၌ တန်ဖိုးငွေ (၂၇၈.၆၇) သိန်း တန်ဖိုးဆုံးရှုံးခဲ့

စလင်းမြို့မဈေးမီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁၂၀) ကျော် မီးလောင်ခဲ့သည့်ဖြစ်စဉ်၌ တန်ဖိုးငွေ (၂၇၈.၆၇) သိန်း တန်ဖိုးဆုံးရှုံးခဲ့

Share this post

မကွေး၊ နိုဝင်ဘာ ၂၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ယမန်နေ့က မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် စုစုပေါင်းဈေးဆိုင်ခန်း ၁၂၁ ခန်း မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၇၈ ဒသမ ၆၇ သိန်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က စလင်းမြို့မဈေးတွင် ဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိရာ မီးလောင်မှုကြောင့် စပယ်ရုံဈေးတန်းရှိ ဈေးဆိုင်ခန်း ၃၃ ခန်းနှင့် ရုံသစ်ဈေးတန်းရှိ ဈေးဆိုင်ခန်း ၈၈ ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၁၂၁ ခန်း မီးလောင်ကျွမ်းခဲ့ရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့သည် စလင်းမြို့မ စည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှုအခြေအနေအား ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများတွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရှိပဲ လျှပ်စစ်မီးရယူသုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်မီးအားစနစ်တကျအသုံးပြုရေး၊ ဈေးအတွင်း ထမင်းဟင်းများ ချက်ပြုတ်စားသောက်ခြင်းများမရှိစေရေး၊ ဈေးဝန်းကျင်လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

#PeopleMedia #စလင်းမြို့

 

(unicode)


…………………………………………………………

 


 


 


 


 



Share this post