• Follow Us on

Home စလင္းၿမိဳ႕ရွိ ရပ္ကြက္ေပါင္း (၈) ရပ္ကြက္ကို Stay at Home အျဖစ္ သတ္မွတ္၊ တည္ဆဲဥပေဒ/ညႊန္ၾကားခ်က္မ်ားကို ေဖာက္ဖ်က္လွ်င္ ဥပေဒအရ အေရးယူခံရမည္

စလင္းၿမိဳ႕ရွိ ရပ္ကြက္ေပါင္း (၈) ရပ္ကြက္ကို Stay at Home အျဖစ္ သတ္မွတ္၊ တည္ဆဲဥပေဒ/ညႊန္ၾကားခ်က္မ်ားကို ေဖာက္ဖ်က္လွ်င္ ဥပေဒအရ အေရးယူခံရမည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕ရွိ ရပ္ကြက္ေပါင္း (၈) ရပ္ကြက္ကို ယမန္ေန႔မွစ၍ Stay at Home သတ္မွတ္လိုက္ၿပီး တည္ဆဲဥပေဒ/ညႊန္ၾကားခ်က္မ်ားကို ေဖာက္ဖ်က္လွ်င္ ဥပေဒအရ အေရးယူခံရမည္ျဖစ္ေၾကာင္း စလင္းၿမိဳ႕နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္လိုက္သည္။ အသက္႐ူလမ္းေၾကာင္းဆိုင္ရာေရာဂါႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဆာင္ရြက္လွ်က္ရွိရာ ယခုအခါ စလင္းၿမိဳ႕အတြင္း ကူးစက္ဓါတ္ခြဲအတည္ျပဳလူနာမ်ား အခ်ိန္တိုကာလအတြင္း မ်ားျပားလာျခင္းေၾကာင့္ ေရာဂါကူးစက္ပ်ံႏွံ႔မႈကို ပိုမိုထိေရာက္စြာ ထိန္းခ်ဳပ္နိုင္ရန္အတြက္ စလင္းၿမိဳ႕ရွိ ရပ္ကြက္ေပါင္း (၈)ရပ္ကြက္ကို ျပည္သူမ်ားအေနျဖင့္ မိမိေနအိမ္တြင္ ေနထိုင္ရန္ လိုအပ္၍ Stay at Home သတ္မွတ္လိုက္ျခင္းျဖစ္သည္။ အဆိုပါ Stay at Home ကာလသည္ ၂၀၂၀ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ နံနက္ ၁ နာရီအခ်ိန္မွစတင္၍ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ လ ၁ရက္ေန႔ထိ အက်ဳံးဝင္မည္ျဖစ္သည္။ ထိုကာလအတြက္ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ထားသည့္ Stay at Home ကာလ စည္းကမ္းမ်ားအတိုင္း လာနာရမည္ျဖစ္ေၾကာင္း စလင္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထား သည္။ အလားတူ ထုတ္ျပန္ထားသည့္ အမိန႔္/ညႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စလင္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာ၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
 
Photo – Credit
#PeopleMedia #COVID19 #စလင္းၿမိဳ႕ (unicode)
စလင်းမြို့ရှိ ရပ်ကွက်ပေါင်း (၈) ရပ်ကွက်ကို Stay at Home အဖြစ် သတ်မှတ်၊ တည်ဆဲဥပဒေ/ညွှန်ကြားချက်များကို ဖောက်ဖျက်လျှင် ဥပဒေအရ အရေးယူခံရမည် ………………………………………………………. ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ရှိ ရပ်ကွက်ပေါင်း (၈) ရပ်ကွက်ကို ယမန်နေ့မှစ၍ Stay at Home သတ်မှတ်လိုက်ပြီး တည်ဆဲဥပဒေ/ညွှန်ကြားချက်များကို ဖောက်ဖျက်လျှင် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိရာ ယခုအခါ စလင်းမြို့အတွင်း ကူးစက်ဓါတ်ခွဲအတည်ပြုလူနာများ အချိန်တိုကာလအတွင်း များပြားလာခြင်းကြောင့် ရောဂါကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စလင်းမြို့ရှိ ရပ်ကွက်ပေါင်း (၈)ရပ်ကွက်ကို ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် လိုအပ်၍ Stay at Home သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ Stay at Home ကာလသည် ၂၀၂ဝခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီအချိန်မှစတင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လ ၁ရက်နေ့ထိ အကျုံးဝင်မည်ဖြစ်သည်။ ထိုကာလအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် Stay at Home ကာလ စည်းကမ်းများအတိုင်း လာနာရမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ အလားတူ ထုတ်ပြန်ထားသည့် အမိန့်/ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 
Photo – Credit #PeopleMedia #COVID19 #စလင်းမြို့

Share this post