• Follow Us on

Home စဉ့်ကူးမြို့နယ်တွင်နေထိုင်သည့် သံဃာတော်တစ်ပါးနှင့် ကျောင်းအုပ်ဆရာမတစ်ဦးအား အကြမ်းဖက်သမား များက သတ်ဖြတ်

စဉ့်ကူးမြို့နယ်တွင်နေထိုင်သည့် သံဃာတော်တစ်ပါးနှင့် ကျောင်းအုပ်ဆရာမတစ်ဦးအား အကြမ်းဖက်သမား များက သတ်ဖြတ်

Share this post

Open photo

 

နေပြည်တော်၊ မတ် ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် နေထိုင်သည့် သံဃာတော်တစ်ပါးနှင့် ကျောင်းအုပ်ဆရာမတစ်ဦး အား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ သက်တော် (၆၃) နှစ်၊ ဝါတော် (၄၃) ဝါ သည် ကျောင်းဝင်းအတွင်း စြင်္ကန်လျှောက် နေစဉ် အကြမ်းဖက်သမား ၁၀ ဦးခန့်သည် စက်လှေဖြင့်ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်သဖြင့် ဆရာတော်မှာ ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့သော်လည်း အကြမ်းဖက်သမားများ၏ လိုက်လံပစ်ခတ်မှု ကြောင့် ဆရာတော်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ထို့နောက် အကြမ်းဖက်သမားများသည် ဘုန်းတော်ကြီးကျောင်းဘေးရှိ အခြေခံပညာ အလယ်တန်းကျောင်း (ရွှေကျင်)သို့ ဝင်ရောက်၍ ဆရာမများနားနေဆောင်အတွင်းရှိ တာဝန်ခံ ကျောင်းအုပ် ဒေါ်မြမြစိုးအား ကျောင်း ဆောင်အနောက်ဘက်သို့ ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ ကြောင်း သိရသည်။

 

ဘုန်းတော်ကြီးကျောင်းဝင်းနှင့် စာသင်ကျောင်းအတွင်း အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့်နေရာတွင် ၉ မမ Luger ကျည်ခွံ ၁ ခုနှင့် AK 47 ကျည်ခွံ ၁ ခုတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post