• Follow Us on
Latest News

Home စားနပ္ရိကၡာငါးမ်ိဳးျဖန႔္ေဝေရးတြင္ ေငြေၾကးေကာက္ခံသည့္ ေက်းရြာအုပ္ ခ်ဳပ္ေရးမွဴး အတိုင္ခံရ

စားနပ္ရိကၡာငါးမ်ိဳးျဖန႔္ေဝေရးတြင္ ေငြေၾကးေကာက္ခံသည့္ ေက်းရြာအုပ္ ခ်ဳပ္ေရးမွဴး အတိုင္ခံရ

Share this post

ကေလး

၂၀၂၀၊ ေမ – ၁၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္၊ ထုံကတင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးမွ နိုင္ငံေတာ္မွ ေထာက္ပံေပး သည့္စားနပ္ရိကၡာအေပၚ ေငြေၾကးေကာက္ခံသျဖင့္ တိုင္းၾကားခံခဲ့ရေၾကာင္း တမူးၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးႏုိင္ႏုိင္ဝင္းကေျပာသည္။

ႏုိင္ငံေတာ္မွေထာက္ပံေပးသည့္စားနပ္ရိကၡာငါးမ်ိဳးကို ျဖန္႔ေဝရန္အတြက္သယ္ယူစရိတ္အျဖစ္ တစ္အိမ္ေထာင္ လွ်င္ ေငြက်ပ္ ၅၀၀ ႏႈန္းႏွင့္ ေကာက္ခံခဲ့ျခင္းျဖစ္သည္။

“အုပ္ခ်ဳပ္ေရးမွဴးက ပိုက္ဆံေကာက္တယ္လို႔ ထြက္ဆိုခ်က္မွာေျပာတယ္။ အုပ္စုအုပ္ခ်ဳပ္ေရးမွဴးကေန တိုက္႐ုိက္ ေကာက္တာေတာ့မဟုတ္ဘူး၊ ရပ္မိရပ္ဖကို ေကာက္ခိုင္းတာ၊ ရပ္မိရပ္ဖကေန ေကာက္ေပးတယ္”ဟု ဦးႏုိင္ႏုိင္ ဝင္းက ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ၿမိဳ႕နယ္အဆင့္တာဝန္ရွိသူမ်ားက ဧၿပီ ၃၀ ရက္က စိစစ္ခဲ့ၿပီး တိုင္းေဒသႀကီးအဆင့္ ကို တင္ျပထားေၾကာင္းသိရသည္။

ႏုိင္ငံေတာ္မွ အေျခခံလက္လုပ္လက္စားဝင္ေငြနည္းမိသားစုမ်ားအတြက္ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္နီစသည့္ အေျခခံစားေသာက္ကုန္ပစၥည္း ၅ မ်ိဳးကို တမူးၿမိဳ႕နယ္မွ အိမ္ေထာင္စု ၆၈၅၄ စုအား ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

ဓာတ္ပုံ – ဦးနိုင္နိုင္ဝင္း သူရိယထက္

#PeopleMedia

(Unicode)
စားနပ်ရိက္ခာငါးမျိုးဖြန့်ဝေရေးတွင် ငွေကြေးကောက်ခံသည့် ကျေးရွာအုပ် ချုပ်ရေးမှူး အတိုင်ခံရ
…………………………………………………………

ကလေး

၂၀၂၀၊ မေ – ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ထုံကတင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ နိုင်ငံတော်မှ ထောက်ပံပေး သည့်စားနပ်ရိက္ခာအပေါ် ငွေကြေးကောက်ခံသဖြင့် တိုင်းကြားခံခဲ့ရကြောင်း တမူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းကပြောသည်။

နိုင်ငံတော်မှထောက်ပံပေးသည့်စားနပ်ရိက္ခာငါးမျိုးကို ဖြန့်ဝေရန်အတွက်သယ်ယူစရိတ်အဖြစ် တစ်အိမ်ထောင် လျှင် ငွေကျပ် ၅၀၀ နှုန်းနှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

“အုပ်ချုပ်ရေးမှူးက ပိုက်ဆံကောက်တယ်လို့ ထွက်ဆိုချက်မှာပြောတယ်။ အုပ်စုအုပ်ချုပ်ရေးမှူးကနေ တိုက်ရိုက် ကောက်တာတော့မဟုတ်ဘူး၊ ရပ်မိရပ်ဖကို ကောက်ခိုင်းတာ၊ ရပ်မိရပ်ဖကနေ ကောက်ပေးတယ်”ဟု ဦးနိုင်နိုင် ဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ်အဆင့်တာဝန်ရှိသူများက ဧပြီ ၃၀ ရက်က စိစစ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် ကို တင်ပြထားကြောင်းသိရသည်။

နိုင်ငံတော်မှ အခြေခံလက်လုပ်လက်စားဝင်ငွေနည်းမိသားစုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီစသည့် အခြေခံစားသောက်ကုန်ပစ္စည်း ၅ မျိုးကို တမူးမြို့နယ်မှ အိမ်ထောင်စု ၆၈၅၄ စုအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဦးနိုင်နိုင်ဝင်း သူရိယထက်

#PeopleMedia


Share this post