• Follow Us on

Home စားသုံးဆီအဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မည်

စားသုံးဆီအဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မည်

Share this post

နေပြည်တော်၊ မတ် ၁၃

 

စားသုံးဆီအဓိကထုတ်လုပ်တင်ပိုသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိက အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

 

ဆီကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံတော်အနေနဲ့ လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးနဲ့အညီ မူဝါဒတွေ ချမှတ်ပေးခြင်းနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ထိန်းကျောင်းကြပ်မတ်ပေးခြင်း၊ ကုန်သွယ်မှု သဘောတူညီ ချက်တွေရရှိရေး ဆောင်ရွက်ပေးခြင်းစတဲ့ ပုဂ္ဂလိကပိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းတွေ ဖော် ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ ဈေးကွက်လိုအပ်ချက်ကို မျှော်မှန်းထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှုဖြစ်စေဖို့ ဂရုပြုဆောင်ရွက်ရန်လိုပါတယ်။ ပြည်သူလူထုရဲ့ နေ့စဉ်စား သုံးမှုမှာ အရေးပါတဲ့ စားသုံးဆီကို ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေး သာမက စားသုံးဆီ အဓိကထုတ်လုပ် တင်ပိုတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိ နေသော်လည်း ပြည်တွင်း၏ ဆီစားသုံးမှုတွင် မြေပဲဆီနှင့် နှမ်းဆီ (၂)မျိုးကိုသာ အဓိကထုတ် လုပ်သုံးစွဲမှုရှိနေ ကြောင်း၊ ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် ခေတ်မီ အဆင့်မြင့် ဆီစက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည် ဆိုပါက လက်ရှိ ဆီကြိတ်ထုတ်လုပ်မှု၏ ဆီကြိတ်ဖတ်များတွင် ကျန်ရှိနေသည့် ဆီ ၁၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိ လာမည်ဖြစ်သည့်အပြင် ဆီကြိတ်ဖတ်များကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် မွေးမြူရေး တိရိစ္ဆာန်အစာ အဖြစ်အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အချိန်တိုအတွင်း သိသာစွာ ဖြည့် ဆည်းပေးနိုင်ရန် တစ်ဧက၏ ဆီထုတ်လုပ်မှု အမြင့်ဆုံး သီးနှံဖြစ်သည့် စပ်မျိုးနေကြာ သီးနှံစိုက်ပျိုးခြင်းကို လာမည့် စိုက်ပျိုးရာသီမှ စတင်၍ တိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ဆီစက်လုပ်ငန်းရှင်များ အပိုင်းက နေကြာဆီ ထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့ ထုတ်လုပ်ရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ခေတ်မီဆီစက်လုပ်ငန်းများ ထူထောင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြစေလိုကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

 

(unicode)


………………………………………

 


 


 


 


 



Share this post