• Follow Us on
Latest News

Home စားသုံးဆီဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း စီးကူးဝန်ကြီး ပြော ကြား

စားသုံးဆီဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း စီးကူးဝန်ကြီး ပြော ကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ (People Media)

 

စားသုံးဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် နိုင်ငံတော်အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောဆိုသည်။

 

ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် Virtual System ဖြင့် ပြောကြားလိုက် သည်။

 

“စားသုံးဆီသုံးစွဲမှုဟာ တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၁၇ သိန်းခန့်ရှိပြီး ပြည်တွင်းမှာ လုံလောက်အောင် ထုတ် လုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် နှစ်စဉ် ပြည်ပမှ တင်သွင်းခဲ့ရပါတယ်။ နိုင်ငံခြားသုံးငွေသုံးစွဲမှုလျော့ကျစေရေး အတွက်စားသုံးဆီတင်သွင်းရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကစတင်ပြီး အခြေခံမူတွေ ချမှတ်ပြီး တင် သွင်းထုတ်လုပ်လျက်ရှိပါတယ်။ အဲဒီလို တင်သွင်းခွင့်သတ်မှတ်လိုက်တဲ့အတွက်ကြောင့် စားသုံးဆီဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရေး၊ ပြည်ပမှ တရားဝင် ဝင်ရောက်မှုရှိစေရေးတို့ကို နိုင်ငံတော်အနေနဲ့ ကြပ်မတ်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်“ လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် အများပြည်သူများထံ စားသုံးဆီများကို သက်သာချောင်ချိသော ဈေးဖြင့် ရောင်းချပေးလျက်ရှိပြီး ရန်ကုန်မြို့ရှိ စားသုံးဆီ လက်လီ/လက်ကား ကုန်သည်များအား ၁၄ ကြိမ်၊ တန်ချိန်အားဖြင့် ၁၈၇၁၇ ဒသမ ၄၀ တန်၊ နေပြည်တော်အပါအဝင် တိုင်း ဒေသကြီး/ပြည်နယ် အသင်း ၁၆ သင်းသို့ တန်ချိန် ၄၃၀၇ ဒသမ ၄၄ တန်အား ၁၁ ကြိမ်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဈေးကားများဖြင့် လှည့်လည်ရောင်းချခြင်းတွင် တန်ချိန် ၂၁၇၉ ဒသမ ၁၉ တန် ရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် အမေရိကန်ဒေါ်လာ ဝယ်ယူရရှိမှု ၃၁ သန်းအထိရှိထားပြီး အဆိုပါငွေနှင့် ညီမျှသည့်ဆီများကို နိုဝင်ဘာလတွင် ဆီလက်လီ/လက်ကားလုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ် အသင်းများ၊ ဈေးကားများ အတွက် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #စီးပွားကူးသန်း #စားသုံးဆီ

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post