• Follow Us on

Home စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများမှ ပြန်လည်ဆက်သွယ်လာသူ ၂၂၇ ဦးအနက် ၁၅၀ ဦးခန့် အမှုပိတ် သိမ်းပေးပြီးဖြစ်ကြောင်း န-စ-က ထုတ်ပြန်

စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများမှ ပြန်လည်ဆက်သွယ်လာသူ ၂၂၇ ဦးအနက် ၁၅၀ ဦးခန့် အမှုပိတ် သိမ်းပေးပြီးဖြစ်ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၄ (People Media)

 

န.စ.ကမှ ကြေညာထားသည့်အတိုင်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက အကြမ်းဖက် တိုက်ခိုက်သူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအား ရေးဖွင့်ထားသည့်အမှုများကို ဥပဒေနှင့် အညီ ပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပြန်လည်ဆက်သွယ်လာသူ ၂၇၇ ဦးရှိသည့်အနက် ၁၅၀ ဦးအထိ စိစစ်၍အမှုပိတ်သိမ်းပေးပြီး ဖြစ် ကြောင်း နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာမှ တစ်ဆင့်ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက် ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှ အပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်မည်ဆို ပါက ၎င်းတို့အပေါ်ရေးဖွင့်ထားသည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းများ ဆောင်ရွက် ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ဆက် သွယ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

 

ထိုသို့ဆက်သွယ်လာသည့် ၂၇၇ ဦးနှင့်ပတ်သက်သည့် မှုခင်းများကို တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ သြဂုတ် ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက်ပါ အတိုင်း အမှုပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အကျုံးဝင်ပြီး ဖြေလျှော့ပေးရန် ကိုက် ညီမှုရှိသည့်အတွက် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူ ၁၅၀ ဦးတို့၏ အမှုများကို ပိတ်သိမ်းပေးပြီးဖြစ်ကြောင်း နှင့် ကျန်ရှိသည့်အမှုများကိုလည်း အမြန်ပိတ်သိမ်းနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

အလားတူ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာအပေါ် ယုံကြည်စိတ်ချစွာဖြင့် ထပ်မံဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းကိုလည်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိ ပေးထုတ်ပြန်ကြေညာထားသည်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post