• Follow Us on

Home စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အသတ်ခံရ၊ ၎င်းအသုံးပြုသည့်ယာဉ် ပျောက်ဆုံး


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၆





#PeopleMedia

(Unicode)
စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အသတ်ခံရ၊ ၎င်းအသုံးပြုသည့်ယာဉ် ပျောက်ဆုံး
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ Big Boss ရေသန့်လုပ်ငန်းလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် အသတ်ခံရပြီးနောက် ၎င်းအသုံးပြုသည့်ယာဉ် ပျောက်ဆုံးနေကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Big Boss ရေသန့်လုပ်ငန်းရှင်သည် ဒီဇင်ဘာ(၅)ရက်နေ့၌ ပဲခူးမြို့မှ ၎င်းပိုင်ဆိုင်သည့် အင်တကော်မြို့နယ်ရှိ ရာဘာခြံသို့ သွားရောက်စဉ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်၌ သေဆုံးသူ၏ရုပ်အလောင်းကို အမှိုတ်ပုံ၌ တွေ့ရှိထားပြီး ၎င်းအသုံးပြုသည့်ယာဉ်မှာ ပျောက်ဆုံး လျက်ရှိသည်။

ထို့ကြောင့် တိုးဂိတ်ရှိ CCTV မှတ်တမ်းများနှင့် ကျူးလွန်သူကို ဖမ်းမိရေးအတွက် ရဲတပ်ဖွဲ့များ ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia


Share this post