• Follow Us on

Home စီးပြားေရးအဆင္မေျပမႈကို အခြင့္ေကာင္းယူၿပီး အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားသူမ်ားကို အမႈဖြင့္

စီးပြားေရးအဆင္မေျပမႈကို အခြင့္ေကာင္းယူၿပီး အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားသူမ်ားကို အမႈဖြင့္

Share this post

ဗန္းေမာ္၊ ျသဂုတ္ ၁၈

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕မွာ ေနထိုင္သည့္ မိသားစုတစ္စုထဲမွာ မိသားစုစီးပြားေရးအဆင္ မေျပမႈကို အခြင့္ေကာင္းယူကာ အသက္ ၂၀ အမ်ိဳးသမီးကို တ႐ုတ္အမ်ိဳးသားထံေရာင္းခ်ရန္ စည္း႐ုံးကာ တစ္ဘက္ႏိုင္ငံသို႔ ေခၚေဆာင္ သြားသူမ်ားကို အမႈဖြင့္အေရးယူထား ေၾကာင္း သိရသ။

ျသဂုတ္လ ၁၇ရက္နံနက္၈နာရီခန္႔က ဗန္းေမာ္ၿမိဳ႕၊ေပါက္ကုန္းရပ္ကြက္၊ပညာ့ရိပ္သာ(၂) ေန အမ်ိဳးသမီးတစ္ဦးသည္ တ႐ုတ္အမ်ိဳးသားႏွင့္လက္မထပ္လို၍ တ႐ုတ္ႏိုင္ငံမွျပန္လည္ထြက္ေျပးေရာက္ရွိေနေၾကာင္း သတင္းအရ ဗန္းေမာ္ လူကုန္ကူးမူတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ ၊အဖြဲစိတ္(၁)မွ ရဲအုပ္လႈိင္စိုးႏွင့္ အဖြဲ႕ သည္ သြားေရာက္ေခၚေဆာင္လာၿပီးစစ္ေဆးေမးျမန္းခဲ့ကာ ယင္းအမႈမွာ က်ဴးလြန္သူမ်ား ကို အမႈဖြင့္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ထိုသို႔စစ္ေဆးေမးျမန္းခ်က္အရ ၂၀၂၀ျပည့္ႏွစ္ ၈လပိုင္းတြင္ မႏြယ္ႏြယ္ထြန္းသည္ အစ္မျဖစ္ သူ မအိေအာင္ထံမွ အေႂကြးေငြျပန္လည္ေပးဆပ္ရန္ အႀကိမ္ႀကိမ္လာေရာက္ေျပာဆိုခဲ့ေၾကာင္း ၊အေႂကြးမ်ားျပန္လည္ေပးဆပ္ႏိုင္ေရးအတြက္ညီမေတာ္စပ္သူ မ…..အသက္၂၀ သူကို တ႐ုတ္အမ်ိဳးသားႏွင့္ လက္ထက္ပါကျမန္မာေငြက်ပ္(၅၀)သိန္းရရွိမည္ျဖစ္ေၾကာင္းေျပာဆိုစည္း႐ုံးခဲ့ၿပီး ျသဂုတ္လ(၅)ရက္ေန႔ကလြယ္ဂ်ယ္ၿမိဳ႕သို႔သြားေရာက္ခဲ့သည္။

လြယ္ဂ်ယ္ၿမိဳ႕သို႔ေရာက္ရွိလာၿပီး ေနာက္မၿငိမ္းဆိုသူက ခိုးဝင္ေပါက္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ေခၚေဆာင္သြားၿပီး အသင့္လာႀကိဳေနသူ အမည္မသိအမ်ိဳးသမီးတစ္ဦးသည္ တ႐ုတ္ႏိုင္ငံအတြင္းသို႔ေခၚေဆာင္ကာ မႏြယ္ႏြယ္ ထြန္း၏ အစ္မျဖစ္သူမမာစိုးကက်န္းဖုန္းၿမိဳ႕ ရွိေနအိမ္သိုေခၚေဆာင္သြားၿပီး တည္းခိုေနစဉ္ မ…..၏ ဦးေလးေတာ္စပ္သူ ဦးသန္းထြန္းမွမမာစိုးထံ ဖုန္းဆက္သြယ္ကာ မ….ကို ျပန္ပို႔ေပးရန္ မပို႔ပါက သက္ဆိုင္ရာသို႔တိုင္တန္းမည္ျဖစ္ေၾကာင္းေျပာဆိုခဲ့သျဖင့္ ျမန္မာႏိုင္ငံသို ု႔ျပန္လည္ေရာက္ရွိလာေၾကာင္းသိရသည္။

ျဖစ္စဉ္ႏွင့္ ပက္သက္ၿပီး ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕၊ ေပါက္ကုန္းရပ္ကြက္ေန ပညာ့ရိပ္ သာ(၂)မႏြယ္ႏြယ္ထြန္း(၂၀)ႏွစ္၊ဗန္းေမာ္ၿမိဳ႕မရဲစခန္းမွ မမာစိုးႏွင့္မၿငိမ္းတို႔ကို စုံစမ္းစစ္ေဆးကာ(ပ)၁၇၁/၂၀၂၀၊ လူကုန္းမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ၂၄/၃၂အမႈဖြင့္ အေရးယူထားေၾကာင္းရဲမွတ္တမ္းမွသိရသည္။

ၿဖိဳးၿဖိဳး၊ ေမစိုး

ပုံ။ ရဲတပ္ဖြဲ႕

#PeopleMedia

(unicode)
စီးပွားရေးအဆင်မပြေမှုကို အခွင့်ကောင်းယူပြီး အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစားသူများကို အမှုဖွင့်
……………………………………………………………………………………….

ဗန်းမော်၊ သြဂုတ် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နေထိုင်သည့် မိသားစုတစ်စုထဲမှာ မိသားစုစီးပွားရေးအဆင် မပြေမှုကို အခွင့်ကောင်းယူကာ အသက် ၂၀ အမျိုးသမီးကို တရုတ်အမျိုးသားထံရောင်းချရန် စည်းရုံးကာ တစ်ဘက်နိုင်ငံသို့ ခေါ်ဆောင် သွားသူများကို အမှုဖွင့်အရေးယူထား ကြောင်း သိရသ။

သြဂုတ်လ ၁၇ရက်နံနက်၈နာရီခန့်က ဗန်းမော်မြို့၊ပေါက်ကုန်းရပ်ကွက်၊ပညာ့ရိပ်သာ(၂) နေ အမျိုးသမီးတစ်ဦးသည် တရုတ်အမျိုးသားနှင့်လက်မထပ်လို၍ တရုတ်နိုင်ငံမှပြန်လည်ထွက်ပြေးရောက်ရှိနေကြောင်း သတင်းအရ ဗန်းမော် လူကုန်ကူးမူတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၊အဖွဲစိတ်(၁)မှ ရဲအုပ်လှိုင်စိုးနှင့် အဖွဲ့ သည် သွားရောက်ခေါ်ဆောင်လာပြီးစစ်ဆေးမေးမြန်းခဲ့ကာ ယင်းအမှုမှာ ကျူးလွန်သူများ ကို အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့စစ်ဆေးမေးမြန်းချက်အရ ၂၀၂၀ပြည့်နှစ် ၈လပိုင်းတွင် မနွယ်နွယ်ထွန်းသည် အစ်မဖြစ် သူ မအိအောင်ထံမှ အကြွေးငွေပြန်လည်ပေးဆပ်ရန် အကြိမ်ကြိမ်လာရောက်ပြောဆိုခဲ့ကြောင်း ၊အကြွေးများပြန်လည်ပေးဆပ်နိုင်ရေးအတွက်ညီမတော်စပ်သူ မ…..အသက်၂၀ သူကို တရုတ်အမျိုးသားနှင့် လက်ထက်ပါကမြန်မာငွေကျပ်(၅၀)သိန်းရရှိမည်ဖြစ်ကြောင်းပြောဆိုစည်းရုံးခဲ့ပြီး သြဂုတ်လ(၅)ရက်နေ့ကလွယ်ဂျယ်မြို့သို့သွားရောက်ခဲ့သည်။

လွယ်ဂျယ်မြို့သို့ရောက်ရှိလာပြီး နောက်မငြိမ်းဆိုသူက ခိုးဝင်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ခေါ်ဆောင်သွားပြီး အသင့်လာကြိုနေသူ အမည်မသိအမျိုးသမီးတစ်ဦးသည် တရုတ်နိုင်ငံအတွင်းသို့ခေါ်ဆောင်ကာ မနွယ်နွယ် ထွန်း၏ အစ်မဖြစ်သူမမာစိုးကကျန်းဖုန်းမြို့ ရှိနေအိမ်သိုခေါ်ဆောင်သွားပြီး တည်းခိုနေစဉ် မ…..၏ ဦးလေးတော်စပ်သူ ဦးသန်းထွန်းမှမမာစိုးထံ ဖုန်းဆက်သွယ်ကာ မ….ကို ပြန်ပို့ပေးရန် မပို့ပါက သက်ဆိုင်ရာသို့တိုင်တန်းမည်ဖြစ်ကြောင်းပြောဆိုခဲ့သဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပက်သက်ပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်နေ ပညာ့ရိပ် သာ(၂)မနွယ်နွယ်ထွန်း(၂၀)နှစ်၊ဗန်းမော်မြို့မရဲစခန်းမှ မမာစိုးနှင့်မငြိမ်းတို့ကို စုံစမ်းစစ်ဆေးကာ(ပ)၁၇၁/၂၀၂၀၊ လူကုန်းမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ၂၄/၃၂အမှုဖွင့် အရေးယူထားကြောင်းရဲမှတ်တမ်းမှသိရသည်။

ဖြိုးဖြိုး၊ မေစိုး

ပုံ။ ရဲတပ်ဖွဲ့

#PeopleMedia


Share this post