• Follow Us on

Home စုေပါင္းေဆာင္ရြက္သည့္ စိတ္ဓါတ္ကုိ ပုိၿပီး ဖြံ႔ၿဖိဳးတုိးတက္ေအာင္ လုပ္ ေစခ်င္ေၾကာင္း အတုိင္ပင္ခံေျပာၾကား

စုေပါင္းေဆာင္ရြက္သည့္ စိတ္ဓါတ္ကုိ ပုိၿပီး ဖြံ႔ၿဖိဳးတုိးတက္ေအာင္ လုပ္ ေစခ်င္ေၾကာင္း အတုိင္ပင္ခံေျပာၾကား

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၆

စုေပါင္းေဆာင္ရြက္တဲ့ စိတ္ဓာတ္ကိုပိုၿပီးေတာ့ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေစခ်င္ေၾကာင္း ႏုိင္ငံ ေတာ္၏အတုိင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္က ေျပာဆုိခဲ့သည္။

“ကၽြန္မတို႔အားလုံးဟာ စုေပါင္းေဆာင္ရြက္တဲ့ စိတ္ဓာတ္ကိုပိုၿပီးေတာ့ ဖြံ႕ၿဖိဳး တိုးတက္ေအာင္ လုပ္ ေစခ်င္ပါတယ္။ ကိုယ္တစ္ေယာက္ကပဲ ေရွ႕ကေနမယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ မဟုတ္ဘဲနဲ႔ အားလုံးနဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ ကိုယ့္ရဲ႕ အားနည္းခ်က္ေတြဆိုရင္ ျပဳျပင္နိုင္မယ္။ အားသာခ်က္ ေတြကို အမ်ားအတြက္သုံးနိုင္မယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္သြားေစခ်င္ ပါတယ္။ ဒါေၾကာင့္မို႔ ႏွီးေႏွာ ဖလွယ္ပြဲမွာ ဒီဟာကို ဦးတည္ပါလို႔ ကၽြန္မအေနနဲ႔ ေမတၱာရပ္ခံပါတယ္” ဟု အတုိင္ပင္ခံက ေျပာသည္။

ေအာက္တုိဘာ ၁၆ ရက္ေန႔၌ ေနျပည္ေတာ္ရွိ ျမန္မာကြန္ဗန္းရွင္းဗဟုိဌာန (၂)၌ က်င္းပသည့္ တကၠ သုိလ္မ်ား ဖြံ႔ျဖိဳးတုိးတက္မႈ အေကာင္အထည္ေဖာ္ေရးႏွီးေႏွာဖလွယ္ပြဲ၌ အတုိင္ပင္ခံက အထက္ပါ အတုိင္းေျပာဆုိခဲ့ျခင္းျဖစ္သည္။

ယခုႏွီးေႏွာဖလွယ္ပြဲကို ေအာက္တိုဘာ ၁၇ ရက္တြင္ ဆက္လက္က်င္းပသြားမည္ျဖစ္ၿပီး စာတမ္း ရွင္(၈)ဦးမွ စာတမ္း(၈)ေစာင္ကို ျမန္မာႏိုင္ငံရွိ တကၠသုိလ္မ်ား က႑စံုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဖတ္ၾကားေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း အတုိင္ပင္ခံ႐ုံးမွ သတင္းထုတ္ျပန္ထားသည္။

(unicode)
စုပေါင်းဆောင်ရွက်သည့် စိတ်ဓါတ်ကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ် စေချင်ကြောင်း အတိုင်ပင်ခံပြောကြား

ရန်ကုန်၊ အောက်တိုဘာ – ၁၆

စုပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်ကိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်စေချင်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

“ကျွန်မတို့အားလုံးဟာ စုပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်ကိုပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်အောင် လုပ် စေချင်ပါတယ်။ ကိုယ်တစ်ယောက်ကပဲ ရှေ့ကနေမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ မဟုတ်ဘဲနဲ့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အားနည်းချက်တွေဆိုရင် ပြုပြင်နိုင်မယ်။ အားသာချက် တွေကို အများအတွက်သုံးနိုင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားစေချင် ပါတယ်။ ဒါကြောင့်မို့ နှီးနှော ဖလှယ်ပွဲမှာ ဒီဟာကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု အတိုင်ပင်ခံက ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့၌ နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းဗဟိုဌာန (၂)၌ ကျင်းပသည့် တက္က သိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ၌ အတိုင်ပင်ခံက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စာတမ်း ရှင်(၈)ဦးမှ စာတမ်း(၈)စောင်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။


Share this post