• Follow Us on

Home စူပါဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” ခ်ည္းကပ္လာမႈေၾကာင့္ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္တြင္ သန္းခ်ီေသာ ျပည္သူမ်ားကို ေဘးလြတ္ရာေျပာင္းေ႐ႊ႕

စူပါဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” ခ်ည္းကပ္လာမႈေၾကာင့္ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္တြင္ သန္းခ်ီေသာ ျပည္သူမ်ားကို ေဘးလြတ္ရာေျပာင္းေ႐ႊ႕

Share this post

နိုင္ငံတကာ၊ ေမ ၂၀

အိႏၵိယနိုင္ငံအေရွ႕ပိုင္းႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံတြင္ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” ေၾကာင့္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္ေနေၾကာင္း သိရသည္။

လူေပါင္း ၉၀၀၀ ေက်ာ္ ေသဆုံးခဲ့သည့္ ၁၉၉၉ ခုႏွစ္တြင္ တိုက္ခတ္ခဲ့သည့္ မုန္တိုင္းတစ္ခုေနာက္ပိုင္း အင္အားအျပင္းထန္ဆုံး “အမ္ဖန္” မုန္တိုင္းေၾကာင့္ ႀကိဳတင္ျပင္ဆင္မႈအျဖစ္ အာဏာပိုင္မ်ားက သန္းႏွင့္ခ်ီေသာ ျပည္သူမ်ားကို ေဘးလြတ္ရာသို႔ေျပာင္းေ႐ႊ႕ခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကန့္သတ္ခ်က္မ်ားက သဘာဝေဘးအႏၲရာယ္ စီမံခန့္ခြဲမႈကို ရႈပ္ေထြးေစခ်ိန္ တြင္ လူေနထူထပ္ရာေဒသမ်ားတြင္ ဆူပါ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” တိုက္ခတ္ေတာ့မည္ဟု ကမာၻ႔ မိုးေလဝသ အသင္းက ေျပာသည္။

တစ္နာရီလ်င္ ၇၇ မိုင္ႏႈန္းျဖင့္ တိုက္ခတ္ေနသည့္ ေလျပင္းမ်ားေၾကာင့္ အိႏၵိယနိုင္ငံ၊ အေနာက္ဘင္ေဂါ ျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ ဟာတီယာကြၽန္းတို႔တြင္ ႀကီးမားေသာ အပ်က္အစီးမ်ား ျဖစ္ေပၚမည္ဟု အိႏၵိယ မိုးေလဝသဌာနက ေျပာၾကားသည္။

လူေပါင္း ၃ သန္းကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ေသာ္လည္း မုန္တိုင္းေရွာင္စခန္းအခ်ိဳ႕တြင္ ကိုရိုနာဗိုင္း ရပ္စ္ ကူးစက္မႈအႏၲရာယ္ကို စိုးရိမ္ျခင္းေၾကာင့္ ခိုလႈံသူထက္ဝက္ခန့္သာရွိသည္။

ႏွစ္နိုင္ငံစလုံးက ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတုံ႕ျပန္ရန္ တင္းက်ပ္ေသာ အသြားအလာကန့္သတ္မႈ အ ေကာင္အထည္ေဖာ္ေဆာင္ခဲ့သည္။

ကိုးကား – ဘီဘီစီ

Ref; Millions seek shelter from super Cyclone Amphan in India and Bangladesh

[Unicode]
စူပါဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ချည်းကပ်လာမှုကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် သန်းချီသော ပြည်သူများကို ဘေးလွတ်ရာပြောင်းရွှေ့
………………………………………………………………………………

နိုင်ငံတကာ၊ မေ ၂၀

အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နေကြောင်း သိရသည်။

လူပေါင်း ၉၀၀၀ ကျော် သေဆုံးခဲ့သည့် ၁၉၉၉ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းတစ်ခုနောက်ပိုင်း အင်အားအပြင်းထန်ဆုံး “အမ်ဖန်” မုန်တိုင်းကြောင့် ကြိုတင်ပြင်ဆင်မှုအဖြစ် အာဏာပိုင်များက သန်းနှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကန့်သတ်ချက်များက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ရှုပ်ထွေးစေချိန် တွင် လူနေထူထပ်ရာဒေသများတွင် ဆူပါ ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ်တော့မည်ဟု ကမ္ဘာ့ မိုးလေဝသ အသင်းက ပြောသည်။

တစ်နာရီလျင် ၇၇ မိုင်နှုန်းဖြင့် တိုက်ခတ်နေသည့် လေပြင်းများကြောင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာတီယာကျွန်းတို့တွင် ကြီးမားသော အပျက်အစီးများ ဖြစ်ပေါ်မည်ဟု အိန္ဒိယ မိုးလေဝသဌာနက ပြောကြားသည်။

လူပေါင်း ၃ သန်းကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့သော်လည်း မုန်တိုင်းရှောင်စခန်းအချို့တွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှုအန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် ခိုလှုံသူထက်ဝက်ခန့်သာရှိသည်။

နှစ်နိုင်ငံစလုံးက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတုံ့ပြန်ရန် တင်းကျပ်သော အသွားအလာကန့်သတ်မှု အ ကောင်အထည်ဖော်ဆောင်ခဲ့သည်။

ကိုးကား – ဘီဘီစီ

Ref; Millions seek shelter from super Cyclone Amphan in India and Bangladesh

#PeopleMedia


Share this post