• Follow Us on

Home စြပ္စြဲျပစ္တင္မႈမ်ားကို အစစ္ေဆးမခံသည့္ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ေၾကာင္း စုံစမ္းေရးစစ္ေဆးေရးအဖြဲ႔ဥကၠ႒ေျပာဆုိ

စြပ္စြဲျပစ္တင္မႈမ်ားကို အစစ္ေဆးမခံသည့္ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ေၾကာင္း စုံစမ္းေရးစစ္ေဆးေရးအဖြဲ႔ဥကၠ႒ေျပာဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္-၂၇

စြပ္စြဲျပစ္တင္မႈမ်ားကို စစ္ေဆးရာတြင္ အစစ္ေဆးမခံခဲ့သည့္ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ သည္ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ေၾကာင္း ကယားျပည္နယ္လႊတ္ေတာ္ စုံစမ္းစစ္ေဆးေရးအဖြဲ႔ ဥကၠ႒ ဦးသဲရယ္ကေျပာၾကားလိုက္သည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္သည့္ကိစၥရပ္အား စုံစမ္းစစ္ေဆးေနမႈအေပၚ PeopleMedia က ၾသဂုတ္လ၂၇ရက္ ၌ ကယားျပည္နယ္ လႊတ္ေတာ္ စုံစမ္းစစ္ေဆးေရးအဖြဲ႔ဥကၠ႒ ဦးသဲရယ္ကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။

“စုံစမ္းစစ္ေဆးေရးက ၿပီးျပတ္တာမဟုတ္ဘူး။ ကြ်န္ေတာ္တို႔စုံစမ္းစစ္ေဆးေရးကနားလိုက္ၿပီ။ ကြ်န္ေတာ္တို႔က အစီရင္ခံစာေရးၿပီး လႊတ္ေတာ္ဥကၠ႒ဆီ ၾသဂုတ္လ၂၈ရက္တင္မယ္ေပါ့။စစ္ေဆးခံဖို႔က သူ႔(၀န္ႀကီးခ်ဳပ္)ရဲ႔ေခ်ပခြင့္ကိုကြ်န္ေတာ္တို႔ကေပးထားတာေပါ့။ဆိုေတာ့ စြပ္စြဲျပစ္တင္တဲ့ဟာကေတာ့ ဒါအစီရင္ခံစာမွာပါၿပီးသားျဖစ္တယ္။စာရင္းစစ္ခ်ဳပ္အစီရင္ခံစာမွာပါၿပီးသားျဖစ္တယ္။ၿပီးေတာ့ ဒါေတြကအဆိုကလည္းေအာင္ၿပီးသားျဖစ္ေတာ့သူ႔ရဲ႔ စစ္ခ်က္ထြက္ဆိုခ်က္အေပၚမွာမူတည္တာမ်ိဳးမဟုတ္ဘဲနဲ႔ သူ႔ကိုအခြင့္ေပးဖို႔အတြက္ကိုေခၚယူေမးျမန္းတဲ့သေဘာပဲရွိပါတယ္။သူကိုယ္တိုင္မလာပါဘူး။သူ႔ကိုယ္စားလွယ္လာတယ္။ဒါေပမဲ့အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဘာမွမထြက္ဆိုပါဘူး။ကြ်န္ေတာ္တို႔က ဖြဲ႔စည္းပုံအေျခခံဥပေဒအရလုပ္တာဆိုေတာ့ သူ႔အေနနဲ႔ေလးစားလိုက္နာဖို႔လိုတယ္။စုံစမ္းတဲ့အဖြဲ႔ထဲမွာ စြပ္စြဲျပစ္တင္လူပါေနတာလက္မခံဘူး။လူမေျပာင္းရင္ဘာမွမထြက္ဆိုနဲ႔ဆိုၿပီးသူ႔ကိုယ္စားလွယ္ကိုေျပာတာဆိုေတာ့ ဒါေတြကတရား၀င္စာမဟုတ္ဘဲနႈတ္ကေနေျပာတာဆိုေတာ့ ဒါေတြကလက္ရွိ ကြ်န္ေတာ္တို႔က အေျခခံဥပေဒအရေဆာင္ရြက္တာကို သူကလာၿပီးေတာ့မွခ်ိဳးေဖာက္တယ္လို႔ ကြ်န္ေတာ္တို႔ကအဲဒီလိုျမင္တာေပါ့”ဟု ၎ကေျပာသည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိသည္ ကယားပြဲေတာ္က်င္းပေရး အဆိုေအာင္ထားသည့္ ေျမေနရာတြင္အျခားလုပ္ငန္း၀င္ေရာက္ေဆာင္ရြက္ေနမႈ၊ စက္ယႏၲရား၁၈စီးကိုငွားရမ္းထားသည့္ေငြေၾကး မ်ားႏိုင္ငံေတာ္ဘ႑ာေငြစာရင္းႏွင့္ဖြင့္မထားဘဲ အျခားေငြစာရင္းျဖင့္ဖြင့္လွစ္အသုံးျပဳေနျခင္းအေပၚ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္ကိုယ္စားလွယ္ သုံးပုံတစ္ပုံက စြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သည္။

ဝန္ၾကီးခ်ဳပ္ကုိ စစ္ေဆးရန္ကယားျပည္နယ္လႊတ္ေတာ္က စုံစမ္းစစ္ေဆးေရးအဖြဲ႔၀င္ ၅ဦးပါ၀င္ေသာ စစ္ေဆးေရးအဖြဲ႔ကိုဖြဲ႔စည္း၍ ၾသဂုတ္လ၂၈ရက္ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ထံအစီရင္စာတင္ျပရန္ၫႊန္ၾကားထား
သည္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔

(unicode)
စွပ်စွဲပြစ်တင်မှုများကို အစစ်ဆေးမခံသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း စုံစမ်းရေးစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌပြောဆို
………………………………………………………

ရန်ကုန်၊ ဩဂုတ်-၂၇

စွပ်စွဲပြစ်တင်မှုများကို စစ်ဆေးရာတွင် အစစ်ဆေးမခံခဲ့သည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသဲရယ်ကပြောကြားလိုက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သည့်ကိစ္စရပ်အား စုံစမ်းစစ်ဆေးနေမှုအပေါ် PeopleMedia က ဩဂုတ်လ၂၇ရက် ၌ ကယားပြည်နယ် လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသဲရယ်ကို ဆက်သွယ်မေးမြန်းခဲ့သည်။

“စုံစမ်းစစ်ဆေးရေးက ပြီးပြတ်တာမဟုတ်ဘူး။ ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးကနားလိုက်ပြီ။ ကျွန်တော်တို့က အစီရင်ခံစာရေးပြီး လွှတ်တော်ဥက္ကဋ္ဌဆီ ဩဂုတ်လ၂၈ရက်တင်မယ်ပေါ့။စစ်ဆေးခံဖို့က သူ့(ဝန်ကြီးချုပ်)ရဲ့ချေပခွင့်ကိုကျွန်တော်တို့ကပေးထားတာပေါ့။ဆိုတော့ စွပ်စွဲပြစ်တင်တဲ့ဟာကတော့ ဒါအစီရင်ခံစာမှာပါပြီးသားဖြစ်တယ်။စာရင်းစစ်ချုပ်အစီရင်ခံစာမှာပါပြီးသားဖြစ်တယ်။ပြီးတော့ ဒါတွေကအဆိုကလည်းအောင်ပြီးသားဖြစ်တော့သူ့ရဲ့ စစ်ချက်ထွက်ဆိုချက်အပေါ်မှာမူတည်တာမျိုးမဟုတ်ဘဲနဲ့ သူ့ကိုအခွင့်ပေးဖို့အတွက်ကိုခေါ်ယူမေးမြန်းတဲ့သဘောပဲရှိပါတယ်။သူကိုယ်တိုင်မလာပါဘူး။သူ့ကိုယ်စားလှယ်လာတယ်။ဒါပေမဲ့အကြောင်းအမျိုးမျိုးပြပြီး ဘာမှမထွက်ဆိုပါဘူး။ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရလုပ်တာဆိုတော့ သူ့အနေနဲ့လေးစားလိုက်နာဖို့လိုတယ်။စုံစမ်းတဲ့အဖွဲ့ထဲမှာ စွပ်စွဲပြစ်တင်လူပါနေတာလက်မခံဘူး။လူမပြောင်းရင်ဘာမှမထွက်ဆိုနဲ့ဆိုပြီးသူ့ကိုယ်စားလှယ်ကိုပြောတာဆိုတော့ ဒါတွေကတရားဝင်စာမဟုတ်ဘဲနှုတ်ကနေပြောတာဆိုတော့ ဒါတွေကလက်ရှိ ကျွန်တော်တို့က အခြေခံဥပဒေအရဆောင်ရွက်တာကို သူကလာပြီးတော့မှချိုးဖောက်တယ်လို့ ကျွန်တော်တို့ကအဲဒီလိုမြင်တာပေါ့”ဟု ၎င်းကပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပွဲတော်ကျင်းပရေး အဆိုအောင်ထားသည့် မြေနေရာတွင်အခြားလုပ်ငန်းဝင်ရောက်ဆောင်ရွက်နေမှု၊ စက်ယန္တရား၁၈စီးကိုငှားရမ်းထားသည့်ငွေကြေး များနိုင်ငံတော်ဘဏ္ဍာငွေစာရင်းနှင့်ဖွင့်မထားဘဲ အခြားငွေစာရင်းဖြင့်ဖွင့်လှစ်အသုံးပြုနေခြင်းအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံက စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ကို စစ်ဆေးရန်ကယားပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၅ဦးပါဝင်သော စစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်း၍ ဩဂုတ်လ၂၈ရက်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံအစီရင်စာတင်ပြရန်ညွှန်ကြားထား
သည်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့


Share this post