• Follow Us on

Home ဆက်ဆံရေးပုံမှန်အခြေအနေရောက်ရှိအောင် ပြန်လည်ထိန်းသိမ်းရန်အတွက် ရုရှားနှင့် နေတိုးအဖွဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးပြော

ဆက်ဆံရေးပုံမှန်အခြေအနေရောက်ရှိအောင် ပြန်လည်ထိန်းသိမ်းရန်အတွက် ရုရှားနှင့် နေတိုးအဖွဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)

 

မတူကွဲပြားသည့် နည်းလမ်းအမျိုးမျိုးရှိနေသော်လည်း ရုရှားနိုင်ငံနှင့် နေတိုးအဖွဲ့သည် ၎င်းတို့ဆက်ဆံရေးပုံမှန် အခြေအနေရောက်ရှိအောင် ဆက်လက်ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာ တို (Peter Szijjarto) က TASS သတင်းဌာနကို ဇန်နဝါရီလ ၂၀ ရက်နေ့က ပြောကြားလိုက်သည်။

 

“လုံခြုံရေးအာမခံချက်နဲ့ပတ်သက်တဲ့အဆိုပြုလွှာတွေကို ရုရှားဘက်က တင်ပြထားတာ ကျွန်တော်တို့ နားလည် သဘောပေါက်ပါတယ်။ နေတိုးအဖွဲ့မှာ တခြားနည်းလမ်းရှိပါတယ်။ ဒါပေမဲ့ ဒါကို ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဒါ့ ကြောင့်မို့လို့ စီးပွားရေးအရေးယူပိတ်ဆို့မယ်ဆိုတာချည်းပဲ မပြောပါနဲ့။ ဒါ့ကြောင့် ကျွန်တော်တို့လိုချင်တာက သမရိုးကျ ပုံမှန်ဖြေရှင်းနည်းတွေနဲ့လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးဖို့ပဲဖြစ်ပါတယ်။” ဟု ပီတာဆီဂျာတိုကပြောသည်။

 

ဟန်ဂေရီနိုင်ငံတွင် ယခင်က ဆိုဗီယက်တပ်ဖွဲ့ဝင်များ တပ်စွဲထားခဲ့ဖူးပြီး ၁၉၉၁ ခုနှစ်တွင် ဝါဆောစာချုပ်ဖျက် သိမ်းလိုက်ပြီးနောက် ဆိုဗီယက်တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ ဟန်ဂေရီနိုင်ငံ နေတိုးအဖွဲ့သို့ဝင် ရောက်ရန်အတွက် ၁၉၉၇ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲကျင်းပခဲ့သည်။ ၁၉၉၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

 

ဟန်ဂေရီနိုင်ငံမှ နေတိုးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရေးနှင့် ၁၉၉၇ ခုနှစ်မတိုင်မီက အခြေအနေမျိုးပြန်လည် ရောက်ရှိရေးတို့နှင့် ပတ်သက်၍ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးပီတာဆီဂျာတို ကိုမေးမြန်းခဲ့သည်။

 

“ကျွန်တော်တို့လိုချင်တာက ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးပါ။ နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကို တစ်ဖက် နဲ့တစ်ဖက် ယုံကြည်မှု ရှိစေချင်ပါတယ်။ နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကို တစ်ဖက်နဲ့ တစ်ဖက် ရန်လိုတဲ့အပြုအမူ တွေနဲ့ မဆက်ဆံစေချင်ပါဘူး။” ဟု ပီတာဆီဂျာတိုက ပြောသည်။

 

ရုရှားနိုင်ငံနှင့် နေတိုးအဖွဲ့သည် မီဒီယာမှတစ်ဆင့် ပြောဆိုခြင်းမပြုဘဲ လက်ရှိပြဿနာများကို သံတမန်လမ်း ကြောင်းကိုအခြေခံ၍ ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးများကိုတက်ရောက်ရန်အ တွက် လက်ရှိအချိန်တွင် နယူးယော့ခ်တွင် ရောက်ရှိနေသော ပီတာဆီဂျာတိုက ပြောသည်။

 

Ref: Russia, NATO need to continue negotiations to normalize relations — Hungarian minister

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

Ref: Russia, NATO need to continue negotiations to normalize relations — Hungarian minister

 

#PeopleMedia


Share this post