• Follow Us on

Home ဆက္ဖီဓာတ္ပုံ႐ုိက္ရာ အသက္(၁၈)ႏွစ္အရြယ္ အမ်ဳိးသမီး ဆည္ထဲျပဳတ္က်၍ ေသဆုံး

ဆက္ဖီဓာတ္ပုံ႐ုိက္ရာ အသက္(၁၈)ႏွစ္အရြယ္ အမ်ဳိးသမီး ဆည္ထဲျပဳတ္က်၍ ေသဆုံး

Share this post

မေကြး၊ ေအာက္တုိဘာ – ၂၈

 

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕ဆတ္သြားနယ္ေျမကင္ပြန္းေတာင္ဆည္တြင္ ဆက္ဖီဓာတ္ပုံ႐ုိက္ရာ အသက္ (၁၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦးက ဆည္ထဲျပဳတ္က်၍ ေသဆုံးခဲ့သည္။

 

ျဖစ္စဥ္မွာ ေအာက္တိုဘာလ (၂၇) ရက္ ဥပုဥ္ရက္ဆိုင္ပိတ္အလုပ္နားသျဖင့္ ေတာင္တြင္းႀကီးၿမိဳ႕၊ ေ႐ႊၾကာအင္း (၁)ရပ္ကြက္ေနထိုင္သူ မ—-(၁၈) ႏွစ္သည္ သူငယ္ခ်င္း (၈) ဦးႏွင့္အတူ ကင္ပြန္းေတာင္ဆည္သို႔ အလည္အ ပတ္သြားေရာက္ခဲ့ရာက ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

 

ကင္ပြန္းေတာင္ဆည္သို႔ေရာက္ရွိရာတြင္ မ —-ႏွင့္ သူငယ္ခ်င္း (၃) ဦးသည္ ကင္ပြန္းေတာင္ဆည္အတြင္းမွ ေရအနက္တိုင္းတာသည့္ေရမွတ္တိုင္အနီးသို႔သြားေရာက္ခဲ့ၾကသည္။ မ—သည္ ေရအမွတ္တိုင္းတာသည့္ ေရမွတ္တိုင္ေျခရင္းတြင္တစ္ဦးတည္းဆက္ဖီဆြဲရာကဆည္ထဲသို႔ေလ်ာက်သြားခဲ့သျဖင့္ က်န္ သူငယ္ခ်င္း (၃) ဦးက လိုက္လံဆယ္ယူခဲ့သည္။

 

သုိ႔ေသာ္ ဆယ္ယူႏုိင္ခ်ိန္၌ မ — သည္ ေသဆုံးသည္။ မ———-ေသဆုံးခဲ့ရျခင္းနဲ႔ ပတ္သက္ၿပီး ဆတ္သြား နယ္ေျမရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ ၅/၂၀၁၉ နဲ႔အမႈေရးဖြင့္ထားၿပီး ရဲအုပ္ဝင္းဆန္းက အမႈကိုစစ္ေဆး ေဆာင္႐ြက္လွ်က္ရွိသည္။

(unicode)

မကွေး၊ အောက်တိုဘာ – ၂၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ဆတ်သွားနယ်မြေကင်ပွန်းတောင်ဆည်တွင် ဆက်ဖီဓာတ်ပုံရိုက်ရာ အသက် (၁၈) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ဆည်ထဲပြုတ်ကျ၍ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၇) ရက် ဥပုဉ်ရက်ဆိုင်ပိတ်အလုပ်နားသဖြင့် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း (၁)ရပ်ကွက်နေထိုင်သူ မ—-(၁၈) နှစ်သည် သူငယ်ချင်း (၈) ဦးနှင့်အတူ ကင်ပွန်းတောင်ဆည်သို့ အလည်အ ပတ်သွားရောက်ခဲ့ရာက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကင်ပွန်းတောင်ဆည်သို့ရောက်ရှိရာတွင် မ —-နှင့် သူငယ်ချင်း (၃) ဦးသည် ကင်ပွန်းတောင်ဆည်အတွင်းမှ ရေအနက်တိုင်းတာသည့်ရေမှတ်တိုင်အနီးသို့သွားရောက်ခဲ့ကြသည်။ မ—သည် ရေအမှတ်တိုင်းတာသည့် ရေမှတ်တိုင်ခြေရင်းတွင်တစ်ဦးတည်းဆက်ဖီဆွဲရာကဆည်ထဲသို့လျောကျသွားခဲ့သဖြင့် ကျန် သူငယ်ချင်း (၃) ဦးက လိုက်လံဆယ်ယူခဲ့သည်။

သို့သော် ဆယ်ယူနိုင်ချိန်၌ မ — သည် သေဆုံးသည်။ မ———-သေဆုံးခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ဆတ်သွား နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ နဲ့အမှုရေးဖွင့်ထားပြီး ရဲအုပ်ဝင်းဆန်းက အမှုကိုစစ်ဆေး ဆောင်ရွက်လျှက်ရှိသည်။


Share this post