• Follow Us on

Home ဆက်သွယ်ရေးတာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် တာဝါတိုင်ဧရိယာ၌ မိုင်းထောင်နေသည့် ဓါတ်ပုံများ လူမှုကွန်ယက်၌ ထွက်ပေါ်နေ

ဆက်သွယ်ရေးတာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် တာဝါတိုင်ဧရိယာ၌ မိုင်းထောင်နေသည့် ဓါတ်ပုံများ လူမှုကွန်ယက်၌ ထွက်ပေါ်နေ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၁ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ ဆက်သွယ်ရေးတာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရပြီးနောက် တာဝါတိုင်ဧရိယာ၌ မိုင်းထောင်နေသည့် ဓါတ်ပုံများ လူမှုကွန်ယက်၌ စက်တင်ဘာ ၂၀ ရက်နေ့၌ ထွက်ပေါ်လာခဲ့ပါတယ်။

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များ၌ “သတိ အန္တရာယ်ရှိသည်။ တာဝန်မှ မဝင်ရ” ဗီနိုင်းဆိုင်းဘုတ်များကို လုံခြုံရေးအဖွဲ့များက လိုက်လံချိတ်ဆွဲမှု ပြုလုပ်မှုများရှိခဲ့ကြောင်း ဒေသခံများက People Media သို့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

 

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆက်သွယ်ရေးတာဝါတိုင်များသည် ပြီးခဲ့သည့်ရက်ပိုင်းက ဆက်တိုက် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

 

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးကဏ္ဍ၌ MPT၊ Ooredoo၊ Telenor နှင့် MyTel တို့ ဖြစ်ပါတယ်။

 

#PeopleMedia #ဆက်သွယ်ရေး #မိုင်း

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post