• Follow Us on

Home ဆင်ပေါင်ဝဲမြို့နယ်၌ အခြေပြု လှုပ်ရှားသည့် ဗိဿနိုး PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်ရှင်းလင်းရာ အသေ ၃ ဦးနှင့် အရှင် ၅ ဦး ဖမ်းမိ

ဆင်ပေါင်ဝဲမြို့နယ်၌ အခြေပြု လှုပ်ရှားသည့် ဗိဿနိုး PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်ရှင်းလင်းရာ အသေ ၃ ဦးနှင့် အရှင် ၅ ဦး ဖမ်းမိ

Share this post

မကွေး၊ မတ် ၁၇

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ဗိဿနိုး PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့များ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်းရာ အသေ ၃ ဦးနှင့် အရှင် ၅ ဦး ဖမ်းမိခဲ့သည်။

 

“ဆင်ပေါင်ဝဲက စခန်းက မိုင်းတွေ၊ တူမီးသေနတ်တွေ ထုတ်လုပ်တဲ့နေရာပါ။ အဖွဲ့က ၃ ယောက်ကျတယ်။ ၅ ယောက် အဖမ်းခံရတယ်လို့ လက်တလော ပြောနိုင်တယ်” လို့ ဗိဿနိုး PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ PDF အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့များထံ ကူးပြောင်းလျက်ရှိပြီး လုံခြုံရေးအဖွဲ့များနှင့်အတူ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

(unicode)


……………………………….

 


 


 


 



Share this post