• Follow Us on

Home ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက SilentStrike နှင့်ပတ်သက်ပြီး ဆိုင်ရှင်များ၊ လုပ်ငန်းရှင် များအပါအဝင် (၁၃၀) ဦးကို ခေါ်ယူပြီး ဆိုင်များ အမြဲဖွင့်ရန် ပြောဆို

ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက SilentStrike နှင့်ပတ်သက်ပြီး ဆိုင်ရှင်များ၊ လုပ်ငန်းရှင် များအပါအဝင် (၁၃၀) ဦးကို ခေါ်ယူပြီး ဆိုင်များ အမြဲဖွင့်ရန် ပြောဆို

Share this post

မကွေး၊ ဇန်နဝါရီ ၂၈ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မြို့နယ်ခန်းမ၌ Silent Strike (အသံ တိတ်သပိတ်)နှင့်ပတ်သက်ပြီး မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များ အပါအဝင် (၁၃၀) ဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူတွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်အတွင်း၌ ဖွင့်လှစ် ထားသော လုပ်ငန်းရှင်များအား ပုံမှန်ဖွင့်မြဲအတိုင်း ဖွင့်လှစ်ဆောင်ကြရန် ပြောခဲ့သည်။

 

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက”CRPH၊ NUG၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများစသည်ဖြင့် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌ ပျံ့နှံ့လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ်မသိ နားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေလိုက်ပါ လုပ်ဆောင်ခြင်း နှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိ သည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅-က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃-ကနှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရနိုင်ကြောင်း” ပြောဆိုခဲ့သည်။

 

အဆိုပါ အသိပေးဆွေးနွေးပွဲကို ဆင်ပေါင်ဝဲမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က အသိပေးဆွေး နွေးခဲ့ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးသူ၊ ဈေးသားနှင့် လုပ်ငန်းရှင်ပေါင်း (၁၃၀) ဦး တက်ရောက်ခဲ့သည်။

 

#PeopleMedia #ဆင်ပေါင်ဝဲမြို့

 

(unicode)


……………………………………………………….

 


 


 


 


 



Share this post