• Follow Us on

Home ဆင္ျဖဴကြၽန္းၿမိဳ႕ ဗလီေက်ာင္းေတာ္ကို သန္႔ရွင္းေရးျပဳလုပ္ခြင့္ မေကြးတုိင္းအစုိးရအဖြဲ႕ ခြင့္ျပဳ

ဆင္ျဖဴကြၽန္းၿမိဳ႕ ဗလီေက်ာင္းေတာ္ကို သန္႔ရွင္းေရးျပဳလုပ္ခြင့္ မေကြးတုိင္းအစုိးရအဖြဲ႕ ခြင့္ျပဳ

Share this post

မေကြး၊ ဒီဇင္ဘာ-၃

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ုိင္၊ စလင္းၿမိဳ႕နယ္၊ ဆင္ျဖဴကြၽန္းၿမိဳ႕ ဗလီကို သန္႔ရွင္းေရးျပဳလုပ္ရန္အတြက္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ခြင့္ျပဳလိုက္ေၾကာင္း စလင္းၿမိဳ႕ ၿမိဳ႕နယ္သံဃာ့နာယကအဖြဲ႕ ဥကၠ႒ဆရာ ေတာ္ထံသို႔ ေလွ်ာက္ထားတင္ျပစာအရသိရသည္။

စလင္းၿမိဳ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဟိန္းဆက္က ႏုိဝင္ဘာလ၂၉ရက္ ရက္စြဲပါစာျဖင့္ ေလ်ာက္ထားတင္ျပ ထားခဲ့ျခင္းျဖစ္ၿပီး ဗလီကို သန္႔ရွင္းေရးျပဳလုပ္ခြင့္ျပဳသည့္ကိစၥႏွင့္ ပတ္သက္၍ ဆရာေတာ္အားသိရွိနိုင္ရန္ ေလ်ာက္ထားတင္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဆင္ျဖဴကြၽန္းဗလီဝတ္ျပဳခြင့္ရေရးအတြက္ စလင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ုံး အစည္းအေဝးခန္းမတြင္ သက္ဆိုင္ရာေဂါပကအဖြဲ႕မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ဌာနဆိုင္ရာမ်ား နိုဝင္ဘာလ ၈ ရက္ေန႔က ေတြ႕ဆုံရွင္းလင္းခဲ့ၾကသည္။

ေတြ႕ဆုံရွင္းလင္းခ်က္မ်ားအရ သက္ဆိုင္ရာေဂါပကအဖြဲ႕မွ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔ ဆက္လက္ တင္ျပခဲ့ၿပီး မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ နိုဝင္ဘာလ ၂၅ ရက္စြဲျဖင့္ ျပန္လည္အေၾကာင္းၾကားစာအရ ဗလီကိုသန္႔ရွင္းေရးျပဳလုပ္ခြင့္ရရွိခဲ့ျခင္းျဖစ္သည္။

ယင္းေလ်ာက္ထားတင္ျပစာႏွင့္ပတ္သက္ၿပီး ၿမိဳ႕နယ္သာသနာေရးဦးစီးဌာန၊ ၿမိဳ႕နယ္သာသနာေရးမွဴးထံသို႔ လည္း မိတၱဴေပးပို႔ထားေၾကာင္းသိရသည္။

သက္ေနာင္

#PeopleMedia

(Unicode)
ဆင်ဖြူကျွန်းမြို့ ဗလီကျောင်းတော်ကို သန့်ရှင်းရေးပြုလုပ်ခွင့် မကွေးတိုင်းအစိုးရအဖွဲ့ ခွင့်ပြု
……………………………………………………………

မကွေး၊ ဒီဇင်ဘာ-၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ဗလီကို သန့်ရှင်းရေးပြုလုပ်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုလိုက်ကြောင်း စလင်းမြို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာ တော်ထံသို့ လျှောက်ထားတင်ပြစာအရသိရသည်။

စလင်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က နိုဝင်ဘာလ၂၉ရက် ရက်စွဲပါစာဖြင့် လျောက်ထားတင်ပြ ထားခဲ့ခြင်းဖြစ်ပြီး ဗလီကို သန့်ရှင်းရေးပြုလုပ်ခွင့်ပြုသည့်ကိစ္စနှင့် ပတ်သက်၍ ဆရာတော်အားသိရှိနိုင်ရန် လျောက်ထားတင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆင်ဖြူကျွန်းဗလီဝတ်ပြုခွင့်ရရေးအတွက် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ဆုံရှင်းလင်းခဲ့ကြသည်။

တွေ့ဆုံရှင်းလင်းချက်များအရ သက်ဆိုင်ရာဂေါပကအဖွဲ့မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ပြန်လည်အကြောင်းကြားစာအရ ဗလီကိုသန့်ရှင်းရေးပြုလုပ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းလျောက်ထားတင်ပြစာနှင့်ပတ်သက်ပြီး မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးမှူးထံသို့ လည်း မိတ္တူပေးပို့ထားကြောင်းသိရသည်။

သက်နောင်

#PeopleMedia


Share this post