• Follow Us on

Home ဆန်ကူကာကျွန်းများအရေး၊ ထိုင်ဝမ်အရေးတို့နှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီး တရုတ်ကို ပြင်းပြင်း ထန်ထန်ပြော

ဆန်ကူကာကျွန်းများအရေး၊ ထိုင်ဝမ်အရေးတို့နှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီး တရုတ်ကို ပြင်းပြင်း ထန်ထန်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆ (People Media)

 

ဆန်ကာကူကျွန်းများသည် မေးခွန်းထုတ်စရာမလိုသည့် ဂျပန်နိုင်ငံပိုင်နက်အတွင်းရှိ ဂျပန်ကျွန်းများဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးနိုဘူအိုကီရှီက စက်တင်ဘာလ ၁၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် CNN နှင့် အင်တာဗျူး တွင်ပြောဆိုလိုက်သည်။

 

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား မြောက်ကိုရီးယား၊ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ် စသည့်အရေးများနှင့် ပတ်သက်သည့်အမြင်များမတူညီသည့်အပြင် ဆန်ကာကူကျွန်းများ၏ အချုပ်အခြာအာဏာပိုင်စိုးမှုသည် နှစ်နိုင် ငံကြားတင်းမာမှု၏ အဓိကအကြောင်းရင်းဖြစ်သည်။ တရုတ်နိုင်ငံက ၎င်းကျွန်းများကို ဒီယောက်ယူကျွန်းများဟု ရည်ညွှန်းပြောဆိုလေ့ရှိသည်။

 

“ဆန်ကူကာကျွန်းတွေနဲ့ အရှေ့တရုတ်ပင်လယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပြောရရင် တရုတ် ပြောတာတွေကို သဘောမတူပါဘူး။ ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ ဂျပန်နိုင်ငံပိုင်နက်ကို ပြတ်ပြတ်သား သားကာကွယ်သွားဖို့ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြသသွားမှာပါ။ ကျွန်တော်တို့ရဲ့ ကမ်းရိုးတန်းကာကွယ်ရေး သင်္ဘောတွေဟာ တရုတ်နိုင်ငံက ကမ်းရိုးတန်းကာကွယ်ရေးသင်္ဘောတွေထက် အင်အားပိုကြီးပါတယ်။ ဆန်ကူ ကာကျွန်းတွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ တခြားနိုင်ငံတွေကြားမှာ နယ်မြေပိုင်နက်ပိုင်ဆိုင်မှုအငြင်းပွားစရာ ဘာအကြောင်းမှမရှိပါဘူး။” ဟု ကာကွယ်ရေးဝန်ကြီးနိုဘူအိုကီရှီက CNN ကို ပြောသည်။

 

တရုတ်နိုင်ငံက ၎င်းတို့၏ကမ်းရိုးတန်းလုံခြုံရေးကို အင်အားမြှင့်တင်ရန်အတွက် ဥပဒေများပြဋ္ဌာန်းလိုက်ကြောင်း ကြေညာပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးနိုဘူအိုကီရှီ၏ပြောကြားချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

တရုတ်ကမ်းရိုးတန်းကာကွယ်ရေးရေယာဉ်များသည် ဂျပန်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ ကြောင်း၊ ဂျပန်ပိုင်နက် ရေမိုင် ၁၂ မိုင်အတွင်း ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ တရုတ်သင်္ဘော များ ၈၈ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း၊ ရေမိုင် ၁၂ မိုင်မဟုတ်ဘဲ ကျွန်းများနှင့်ထိစပ်နေသော ရေပိုင် နက်အတွင်းသို့ ၈၅၁ ကြိမ် ကျုူးကျော်ဝင်ရောက်လာခဲ့ကြောင်း ဂျပန်အာဏာပိုင်များကပြောသည်။

 

တရုတ်ကမ်းရိုးတန်းကာကွယ်ရေးရေယာဉ်များ ဆက်လက်တည်ရှိနေမှုသည် ဆန်ကာကူကျွန်းများကို တရုတ် နိုင်ငံထိန်းချုပ်မှုအောက်သို့ ထားရှိလိုသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း နိုဘူအိုကီရှီကပြောသည်။

 

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ “ထိုင်ဝမ်မှာဘာဖြစ်ဖြစ် ဂျပန်နိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။” ဟု နိုဘူအိုကီ ရှီက ပြောသည်။ “ဂျပန်နိုင်ငံက အသုံးပြုနေတဲ့စွမ်းအင် ကိုးဆယ်ရာခိုင်နှုန်းဟာ ထိုင်ဝမ်နိုင်ငံဝန်းကျင်ကနေ တင်သွင်းနေရတာဖြစ်ပါတယ်။” ဟု နိုဘူအိုကီရှီက CNN ကို ပြောသည်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ကိုးကားပြောဆိုရာတွင် “ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပျက်သမျှဟာ ဂျပန်နိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ပြောရရင် ဖြစ်ပေါ် လာတဲ့အခြေအနေပေါ်မူတည်ပြီး ဂျပန်နိုင်ငံက လိုအပ်တဲ့တုံ့ပြန်မှုတွေကို ဆောင်ရွက်ရပါလိမ့်မယ်။” ဟု ၎င်းက ပြောသည်။

 

Ref: Japan’s defence minister talks tough against China on Senkaku islands, Taiwan

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Japan’s defence minister talks tough against China on Senkaku islands, Taiwan

 

#PeopleMedia


Share this post