• Follow Us on

Home ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက်သေဆုံးသူဦးရေ ၇၀ ကျော်လာဟု AAPP သတင်းထုတ်ပြန်

ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက်သေဆုံးသူဦးရေ ၇၀ ကျော်လာဟု AAPP သတင်းထုတ်ပြန်

Share this post

ရန်ကုန် ၊ မတ် ၃ (PeopleMedia)

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာကာ နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုများကြောင်း အသက်သေဆုံးသူဦးရေ ၇၀ ကျော်အထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်သည်။

အဆိုပါကဲ့သို့ အသက်သေဆုံးခဲ့သူများသည် ရန်ကုန် တိုင်းဒေသကြီးတွင် (၁၇) ဦး ၊ မန္တလေး တိုင်းဒေသကြီး တွင် (၁၇) ဦး ၊ မွန်ပြည်နယ် တွင် (၂) ဦး ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၅) ဦး ၊ နေပြည်တော်တွင် (၁) ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် (၃) ဦး ၊ မကွေးတိုင်းဒေသကြီး တွင် ( ၁၁) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ( ၁၀) ဦး ရှမ်းပြည်နယ်တွင် (၁) ဦး ကချင်ပြည်နယ်တွင် (၂)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁) ဦး စသည့် မြို့များ မှ ဖြစ်ပြီး ထားဝယ်မြို့တွင်အသက်သေဆုံးသူများခဲ့ကြောင်း ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရသည်။

အဆိုပါ သေဆုံးသူစာရင်းအရေအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ သေဆုံးသူ အရေအတွက်ဖြစ်ပြီး စာရင်းကောက်ယူ၍ မရရှိသော သေဆုံးသူများလဲရှိနေနိုင်ကြောင်း သိရသည်။

၎င်းအပြင် နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဆန္ဒပြမှုများတွင် ဖမ်းဆီးခံရသူဦးရေ ၂၀၉၈ ဦးအထိရှိပြီး ယင်းအနက် လူဦးရေ ၃၀၀ ကျော်ကိုသာပြန်လည် လွတ်ပေးမှုရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်သည်။

လက်ရှိတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်သည့်အတွက် ဖမ်းဝရမ်းထုတ်ခံရသူ ၇၀ ကျော်ရှိပြီး ၎င်းတို့အား ဖမ်းဆီးရမိရေး မြို့နယ်အလိုက် ပိတ်ဆို့မှုများ ပြုလုပ်ကာ ဧည့်စာရင်းစစ်၍ ရှာဖွေဖမ်းဆီးမှုများ ပြုနေလျက်ရှိသည်။

Photo – Credit

#PeopleMedia #AAPP


Share this post