• Follow Us on

Home ဆယ်စင်းနှင့် ဟောင်ပါးခြား ကျောက်ပုံအနီးစခန်းမှာ မြန်မာ့တပ်မတော်နှင့်KIAတို့ တိုက်ပွဲဖြစ်ပွားနေ

ဆယ်စင်းနှင့် ဟောင်ပါးခြား ကျောက်ပုံအနီးစခန်းမှာ မြန်မာ့တပ်မတော်နှင့်KIAတို့ တိုက်ပွဲဖြစ်ပွားနေ

Share this post

ဖားကန့် မတ် ၁၁ (PeopleMedia )

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ဖားကန့်မြို့နယ် ၊ဆယ်စင်းနှင့် ဟောင်ပါးခြားကျောက်ပုံအနီးစခန်းမှာမြန်မာ့တပ်မတော်နှင့်KIAလက်နက်ကိုင်အဖွဲ့တို့အကြား မတ်လ၁၁ရက် (ယနေ့) နံနက်၃နာရီအချိန်က တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံများထံကသိရပါတယ်။

“တိုက်ပွဲကြောင့်ကားလမ်းများပိတ်ထားပါတယ်။သေနတ်သံတွေက အခုထိကြားနေရတယ်ဘယ်သူတွေထိခိုက်ဒဏ်ရာရကြတယ်ဆိုတာတော့မသိနိုင်ဘူး ။အခုတိုက်ပွဲတွေကြောင့် နီးတဲ့ရွာသားတွေက ဈေးဆိုင်တွေအိမ်တွေပိတ်ပြီးပုန်းနေကြရပါတယ်”ဟုဒေသခံတစ်ဦးထံမှကနဦးသတင်းရရှိထားပါတယ်။

တပ်မတော်အာဏာထိန်းသိမ်းထားမှုနှင့်ပတ်သက်၍ကချင်ပြည်နယ်အတွင်း ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက် ဖြိုခွင်းလာမည် ဆိုပါက KIO/KIA အနေဖြင့်ရပ်ကြည့် နေမည် မဟုတ်ကြောင်း ၊နည်းလမ်းတစ်ခုခုဖြင့်ပါဝင်လာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသကဲ့ သတင်းမီဒီယာများကိုလည်း KIO/KIA သက်ဆိုင်ရာတာဝန်ရှိသူများကဖြေကြားခဲ့သည်။

တိုက်ပွဲများ ယခုအချိန်ထိ ပစ်ခတ်မှုများ ဖြစ်ပေါ်နေသေးကြောင်း ၊ ထိခိုက်ကျရှုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်မှုများ မရှိသေးကြောင်းသိရသည်။

နဂါး

#PeopleMedia #KIA


Share this post