• Follow Us on

Home ဆရာများသည် တပည့်များအား စာပေသာမက မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များကို သွတ်သွင်းပေးရန်လို အပ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ပြောကြား

ဆရာများသည် တပည့်များအား စာပေသာမက မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များကို သွတ်သွင်းပေးရန်လို အပ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ပြောကြား

Share this post

နေပြည်တော်၊ မတ် ၄

 

ဆရာများသည် တပည့်များအား စာပေသာမက ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များကိုသွတ်သွင်းပေးရန်လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်က ပြောသည်။

 

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၀)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရိကောလိပ်၊ ဘွဲ့နှင်းသ ဘင်ခန်းမ၌ကျင်းပသည်။

 

“ဆရာတွေဟာ တပည့်တွေကို စာပေသာမက ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များကိုသွတ်သွင်းပေးဖို့ လိုအပ်ပြီး မိမိရဲ့ တပည့်တွေရဲ့ စိတ်ကိုပါ ပြုပြင်သင်ကြားပေးဖို့ လိုအပ်တယ်။ ဆရာမပြ နည်းမကျ၊ ဆရာမပြနည်းမရဆိုတဲ့ စကားအတိုင်း လူသားတိုင်းအတွက် ဆရာလိုအပ်တယ်” ဟု တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

 

သင်တန်းဆင်းမောင်မယ်များသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှာ မူလ တန်းပြဆရာ၊ ဆရာမများအဖြစ် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး မိမိ၏တပည့် ကျောင်းသား လူငယ်များကို လူတော်လူကောင်းများဖြစ်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ခိုင်မာစေရန် အတွက် စည်းရုံးလေ့ကျင့်ပြုစုပျိုးထောင်ကြရမှာဖြစ်သလို မိမိကိုယ်တိုင်ကလည်း ပညာရေးဝန်ထမ်းကောင်း၊ နိုင်ငံသားကောင်းများအဖြစ် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို စံနမူနာပြကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း   တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က  ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post