• Follow Us on

Home ဆရာဝန္ဘြဲ႔လက္မွတ္မ်ားအသုံးျပဳ ေက်ာက္ေရာဂါ ကုသေပးသည့္ ဆရာဝန္အတုမွ လူနာမ်ားထံမွ တစ္ဦးလ်င္ ေဆးဖုိး(၁၅)သိန္းေ တာင္းယူခဲ့သည့္ ျဖစ္စဥ္ မႏၱေလးတုိင္းလႊတ္ေတာ္၌ေ ဆြးေႏြး

ဆရာဝန္ဘြဲ႔လက္မွတ္မ်ားအသုံးျပဳ ေက်ာက္ေရာဂါ ကုသေပးသည့္ ဆရာဝန္အတုမွ လူနာမ်ားထံမွ တစ္ဦးလ်င္ ေဆးဖုိး(၁၅)သိန္းေ တာင္းယူခဲ့သည့္ ျဖစ္စဥ္ မႏၱေလးတုိင္းလႊတ္ေတာ္၌ေ ဆြးေႏြး

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၇

ဆရာဝန္ဘြဲ႔လက္မွတ္မ်ားအသုံးျပဳေက်ာက္ေရာဂါ ကုသေပးသည့္ ဆရာဝန္အတုမွ လူနာမ်ားထံမွ တစ္ဦးလ်င္ (၁၅)သိန္းေတာင္းယူခဲ့သည့္ ျဖစ္စဥ္ အေပၚ ေအာင္ေျမသာစံျမဳိ႔နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ညီမင္းဟန္က ယေန႔က်င္းပသည့္ မႏၱေလးတုိင္းလႊတ္ေတာ္၌တင္ျပေဆြးေနြးခဲ့ပါတယ္။

“လူနာႏွစ္ဦးရဲ႔ေျပာၾကားခ်က္အရဆိုရင္ ဒီဆရာ၀န္အတုက သူတို႔နယ္ဘက္ကိုပရဟိတေဆးကုသတယ္ဆိုၿပီး လာေရာက္ကုသတယ္။ ၿပီးေတာ့သူတို႔ကိုေဆးစစ္ေပးၿပီးေတာ့မွ မင္းတို႔မွာေက်ာက္တည္ေနတယ္။ ေက်ာ က္ကပ္မွာေက်ာက္တည္ေနတာမို႔လို႔ သူ႔ေဆးခန္းမွာလာခြဲလွည့္ တစ္ျခားေဆး႐ုံသြားရင္ ေစ်းေတြႀကီး ေန မယ္ဆိုလို႔ လူနာကသူ႔ေဆးခန္းမွာလာခြဲခဲ့ပါတယ္။ ခြဲတဲ့အခါမွာလည္း သူ႔ေဆးခန္း လူနာၾကည့္တဲ့ ခုတင္ ေပၚမွာဘဲ ထုံေဆးေပးခြဲစိပ္ကုသေပးၿပီးေတာ့ ဒါမင္းတို႔ေက်ာက္ကပ္ကထြက္တဲ့ေက်ာက္ဆိုၿပီးေတာ့ ဒီလမ္းခင္းတဲ့ေက်ာက္ကိုေဆးဝါရည္စိမ္ၿပီးေပးအပ္ခဲ့ပါတယ္။ အခေၾကးေငြစုစုေပါင္းကလည္း ၁၅ သိန္း ခန္႔ကုန္က်ရပါတယ္။ ဒါ့အျပင္လူနာမိခင္ဆီကလည္း သိန္း ၃၀ ေခ်းယူပါေသးတယ္”ဟု ၎ ေဒါက္တာညီမင္းဟန္ကေျပာပါတယ္။

#PeopleMedia #မႏၱေလးတုိင္းလႊတ္ေတာ္

(unicode)
ဆရာဝန်ဘွဲ့လက်မှတ်များအသုံးပြု ကျောက်ရောဂါ ကုသပေးသည့် ဆရာဝန်အတုမှ လူနာများထံမှ တစ်ဦးလျင် ဆေးဖိုး(၁၅)သိန်း ေတာင်းယူခဲ့သည့် ဖြစ်စဉ် မန္တလေးတိုင်းလွှတ်တော်၌ ေဆွးနွေး
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၇

ဆရာဝန်ဘွဲ့လက်မှတ်များအသုံးပြုကျောက်ရောဂါ ကုသပေးသည့် ဆရာဝန်အတုမှ လူနာများထံမှ တစ်ဦးလျင် (၁၅)သိန်းတောင်းယူခဲ့သည့် ဖြစ်စဉ် အပေါ် အောင်မြေသာစံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်က ယနေ့ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော်၌တင်ပြဆွေးနွေးခဲ့ပါတယ်။

“လူနာနှစ်ဦးရဲ့ပြောကြားချက်အရဆိုရင် ဒီဆရာဝန်အတုက သူတို့နယ်ဘက်ကိုပရဟိတဆေးကုသတယ်ဆိုပြီး လာရောက်ကုသတယ်။ ပြီးတော့သူတို့ကိုဆေးစစ်ပေးပြီးတော့မှ မင်းတို့မှာကျောက်တည်နေတယ်။ ကျော က်ကပ်မှာကျောက်တည်နေတာမို့လို့ သူ့ဆေးခန်းမှာလာခွဲလှည့် တစ်ခြားဆေးရုံသွားရင် ဈေးတွေကြီး နေ မယ်ဆိုလို့ လူနာကသူ့ဆေးခန်းမှာလာခွဲခဲ့ပါတယ်။ ခွဲတဲ့အခါမှာလည်း သူ့ဆေးခန်း လူနာကြည့်တဲ့ ခုတင် ပေါ်မှာဘဲ ထုံဆေးပေးခွဲစိပ်ကုသပေးပြီးတော့ ဒါမင်းတို့ကျောက်ကပ်ကထွက်တဲ့ကျောက်ဆိုပြီးတော့ ဒီလမ်းခင်းတဲ့ကျောက်ကိုဆေးဝါရည်စိမ်ပြီးပေးအပ်ခဲ့ပါတယ်။ အခကြေးငွေစုစုပေါင်းကလည်း ၁၅ သိန်း ခန့်ကုန်ကျရပါတယ်။ ဒါ့အပြင်လူနာမိခင်ဆီကလည်း သိန်း ၃၀ ချေးယူပါသေးတယ်”ဟု ၎င်း ဒေါက်တာညီမင်းဟန်ကပြောပါတယ်။

#PeopleMedia #မန္တလေးတိုင်းလွှတ်တော်


Share this post