• Follow Us on

Home ဆရာေတာ္မွ ေက်ာင္းေန ကပၸိယ ျဖစ္သူကို အျပင္မသြားရန္ စည္းကမ္းတင္းၾကပ္မႈအေပၚ ေက်နပ္မႈမရွိ၏ ကပၸိယမွ ဆရာေတာ္ကို ဓါးျဖင့္ခုတ္သတ္၊က်ဴးလြန္သူ ဖမ္းမိ

ဆရာေတာ္မွ ေက်ာင္းေန ကပၸိယ ျဖစ္သူကို အျပင္မသြားရန္ စည္းကမ္းတင္းၾကပ္မႈအေပၚ ေက်နပ္မႈမရွိ၏ ကပၸိယမွ ဆရာေတာ္ကို ဓါးျဖင့္ခုတ္သတ္၊က်ဴးလြန္သူ ဖမ္းမိ

Share this post

ရန္ကုန္၊စက္တင္ဘာ-၂၅
ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္၌ သက္ေတာ္(၅၃)ႏွစ္ ဝါေတာ္(၃၃)ဝါရွိ ဆရာေတာ္မွ ေက်ာင္းေန ကပၸိယ ျဖစ္သူကို အျပင္သို႔ သြားလာမႈကိစၥႏွင့္ ပတ္သက္၍ စည္းကမ္းတင္းၾကပ္ရာ ကပၸိယက ဆရာေတာ္ကို ဓါးျဖင့္ ခုတ္သတ္ခဲ့သည္။
ျဖစ္စဥ္မွာစက္တင္ဘာ(၂၄)ရက္၊ည(၉)နာရီအခ်ိန္၌လွည္းကူးၿမိဳ႕နယ္၊မအူေက်း႐ြာ၊ေအာင္ဓမၼရိပ္သာဘုန္းႀကီးေက်ာင္းတြင္ အဆိုပါေက်ာင္းဆရာေတာ္းသုဇာတ(၅၃)ႏွစ္ဝါေတာ္ (၃၃)ဝါသည္ ဦးေခါင္း/ဝဲနားအုံျပတ္ရွဒဏ္ရာမ်ားျဖင့္ အသတ္ခံရသည့္ ျဖစ္စဥ္ေၾကာင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့သည္။
ထိုသို႔ သြားေရာက္စစ္ေဆးခဲ့ရာ လြန္ခဲ့ေသာ ၂ လခန႔္က အဆိုပါေက်ာင္းသို႔ ကပၸိယအျဖစ္ လာေရာက္လုပ္ကိုင္ ေနထိုင္ေနသူ ေမာင္ေမာင္လွ(၃၇)ႏွစ္(ဖ)ဦးေမာင္သိန္း ေအာင္မဂၤလာရပ္ကြက္ ေျမာက္ဦးၿမိဳ႕ေနသူသည္ဆရာေတာ္မွေျပာဆိုႀကိမ္းေမာင္း အျပင္မသြားရန္စည္းကမ္းတင္းၾကပ္ခဲ့သည္ကို စိတ္မေက်မနပ္ျဖစ္ကာအသက္ ေသဆုံးသည္အထိဓားျဖင့္ခုတ္သတ္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။
ထိုေနာက္ရဲတပ္ဖြဲ႕ကက်ဴးလြန္သူေမာင္ေမာင္လွ အားဖမ္းဆီးရန္ ေဆာင္႐ြက္စဥ္ ဓားကိုင္လ်က္ ျပန္လည္ခုခံမည့္အေျခအေနရွိ၍အသာတၾကည္အဖမ္းခံရန္ရဲတပ္ဖြဲ႕ကသတိေပး ေျပာဆိုေသာ္လည္း အဖမ္းမခံဘဲတာဝန္ရွိသူႏွင့္သက္ေသ မ်ားကို အသက္ အႏၲရာယ္ျဖစ္ေစနိုင္သည္ အထိ ျပန္လည္တုန႔္ျပန္ခုခံရန္ျပဳသျဖင့္ ရာဇဝတ္ က်င့္ထုံး ဥပေဒႏွင့္အညီ ပစ္ခတ္ခဲ့ရာ ေပါင္တြင္ က်ည္ထိမွန္ဒဏ္ရာ ၁ ခ်က္ရရွိၿပီး ဖမ္းဆီးနိုင္ခဲ့သည္။
#PeopleMedia #ရဲဇာနည္ #လွည္းကူးၿမိဳ႕
[Unicode]
ဆရာတော်မှ ကျောင်းနေ ကပ္ပိယ ဖြစ်သူကို အပြင်မသွားရန် စည်းကမ်းတင်းကြပ်မှုအပေါ် ကျေနပ်မှုမရှိ၏ ကပ္ပိယမှ ဆရာတော်ကို ဓါးဖြင့်ခုတ်သတ်၊ကျူးလွန်သူ ဖမ်းမိ
ရန်ကုန်၊စက်တင်ဘာ-၂၅
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၌ သက်တော်(၅၃)နှစ် ဝါတော်(၃၃)ဝါရှိ ဆရာတော်မှ ကျောင်းနေ ကပ္ပိယ ဖြစ်သူကို အပြင်သို့ သွားလာမှုကိစ္စနှင့် ပတ်သက်၍ စည်းကမ်းတင်းကြပ်ရာ ကပ္ပိယက ဆရာတော်ကို ဓါးဖြင့် ခုတ်သတ်ခဲ့သည်။
ဖြစ်စဉ်မှာစက်တင်ဘာ(၂၄)ရက်၊ည(၉)နာရီအချိန်၌လှည်းကူးမြို့နယ်၊မအူကျေးရွာ၊အောင်ဓမ္မရိပ်သာဘုန်းကြီးကျောင်းတွင် အဆိုပါကျောင်းဆရာတော်းသုဇာတ(၅၃)နှစ်ဝါတော် (၃၃)ဝါသည် ဦးခေါင်း/ဝဲနားအုံပြတ်ရှဒဏ်ရာများဖြင့် အသတ်ခံရသည့် ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ လွန်ခဲ့သော ၂ လခန့်က အဆိုပါကျောင်းသို့ ကပ္ပိယအဖြစ် လာရောက်လုပ်ကိုင် နေထိုင်နေသူ မောင်မောင်လှ(၃၇)နှစ်(ဖ)ဦးမောင်သိန်း အောင်မင်္ဂလာရပ်ကွက် မြောက်ဦးမြို့နေသူသည်ဆရာတော်မှပြောဆိုကြိမ်းမောင်း အပြင်မသွားရန်စည်းကမ်းတင်းကြပ်ခဲ့သည်ကို စိတ်မကျေမနပ်ဖြစ်ကာအသက် သေဆုံးသည်အထိဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုနောက်ရဲတပ်ဖွဲ့ကကျူးလွန်သူမောင်မောင်လှ အားဖမ်းဆီးရန် ဆောင်ရွက်စဉ် ဓားကိုင်လျက် ပြန်လည်ခုခံမည့်အခြေအနေရှိ၍အသာတကြည်အဖမ်းခံရန်ရဲတပ်ဖွဲ့ကသတိပေး ပြောဆိုသော်လည်း အဖမ်းမခံဘဲတာဝန်ရှိသူနှင့်သက်သေ များကို အသက် အန္တရာယ်ဖြစ်စေနိုင်သည် အထိ ပြန်လည်တုန့်ပြန်ခုခံရန်ပြုသဖြင့် ရာဇဝတ် ကျင့်ထုံး ဥပဒေနှင့်အညီ ပစ်ခတ်ခဲ့ရာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိပြီး ဖမ်းဆီးနိုင်ခဲ့သည်။
#PeopleMedia #ရဲဇာနည် #လှည်းကူးမြို့


Share this post