• Follow Us on
Latest News

Home ဆရာလေးခေမာရံသီမှ မင်္ဂလာဒုံမြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု (၁၅၀) ထံ အခြေခံ စား သောက်ကုန်နှင့် အလှူငွေများ သွားရောက်လှူဒါန်း

ဆရာလေးခေမာရံသီမှ မင်္ဂလာဒုံမြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု (၁၅၀) ထံ အခြေခံ စား သောက်ကုန်နှင့် အလှူငွေများ သွားရောက်လှူဒါန်း

Share this post

နေပြည်တော်၊ မတ် ၁၂

 

အင်းတကော်မြို့နယ်၊ သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးပဓာနနယက ဆရာလေးခေမာရံသီမှ ဦးဆောင်၍ မင်္ဂလာဒုံမြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု ၁၅၀ ထံ အခြေခံစားသောက်ကုန်များနှင့် အလှူ ငွေများကို မတ်လ ၁၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မင်္ဂလာဒုံမြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ ပဲ၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဆပ်ပြာနှင့် အလှူငွေတို့အား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးပဓာနနယက ဆရာလေးခေမာရံသီသည် ဆွမ်းဆန်စိမ်း အလှူခံကြွရောက် ခြင်းမှ ရရှိသည့် အလှူပစ္စည်းများနှင့် ဝတ္ထုငွေတို့အား အင်းတကော်မြို့နယ်၊ သုညတဓမ္မရံသီတရားရိပ်သာတွင် သီတင်းသုံးနေထိုင်၍ ဝိပဿနာ တရားဘာဝနာ အားထုတ်နေကြကုန်သော အမြဲနေ သံဃာ၊ သီလရှင်၊ ယောဂီ များအတွက်နှင့် ယခုကာလအတွင်း စားဝတ်နေရေး အလွန်ခက်ခဲနေကြသော ရပ်ကွက်များသို့ ပြန်လည် ဖြန့်ဝေ လှူဒါန်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 

#PeopleMedia


Share this post