• Follow Us on

Home ဆရာလေးခေမာရံသီမှ သန်လျင်သဘာဝတရားရိပ်သာရှိ လူမမာဦးရေ (၇၀၀) အတွက် အဟာရ၊ ဆေးဝါးနှင့် အလှူငွေများ သွားရောက်လှူဒါန်း

ဆရာလေးခေမာရံသီမှ သန်လျင်သဘာဝတရားရိပ်သာရှိ လူမမာဦးရေ (၇၀၀) အတွက် အဟာရ၊ ဆေးဝါးနှင့် အလှူငွေများ သွားရောက်လှူဒါန်း

Share this post

နေပြည်တော်၊ မတ် ၃

 

သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးပဓာနနာယက ဆရာလေးခေမာရံသီမှ ဦးဆောင်၍ သန်လျင်သဘာဝတရား ရိပ်သာရှိ လူမမာဦးရေ (၇၀၀) အတွက် အဟာရ၊ ဆေးဝါးနှင့် အလှူငွေများကို ယမန်နေ့က သွားရောက် လှူ ဒါန်းခဲ့ကြောင်း သိရသည်။

 

သန်လျင်သဘာဝတရားရိပ်သာရှိ လူမမာ ဦးရေ (၇၀၀) အတွက် လှူဒါန်းရာတွင် ကြာဇံကြော်၊ ငှက်ပျောသီး၊ ကြက်ဥပြုတ်၊ ကော်ဖီမစ်၊ လူမမာသုံး ဒိုက်ပါ (၇၀) ပါကင်၊ တရား စပီကာ (၁၂) လုံး၊ အလှူငွေနှင့် မြန်မာဆေး မျိုးစုံတို့အား သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းခြင်းကို ဆရာလေးခေမာရံသီမှ ဦးဆောင်၍ စုပေါင်းဇီဝိတဒါန ကုသိုလ်ရှင်များနှင့် ဆွမ်းဆန်စိမ်း အလှူရှင်များ၏ စုပေါင်းအလှူများဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 

#PeopleMedia


Share this post