• Follow Us on

Home ဆရာလေးခေမာရံသီမှ ဦးဆောင်ပြီး ဆွမ်းအခက်အခဲရှိသည့် ပဲခူးမြို့ရှိ သီလရှင်ကျောင်းပေါင်း (၁၅၀) အား အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ သွားရောက်လှူဒါန်း

ဆရာလေးခေမာရံသီမှ ဦးဆောင်ပြီး ဆွမ်းအခက်အခဲရှိသည့် ပဲခူးမြို့ရှိ သီလရှင်ကျောင်းပေါင်း (၁၅၀) အား အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ သွားရောက်လှူဒါန်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာနနယက ဆရာလေးခေမာရံသီမှ ဦးဆောင်ပြီး စုပေါင်းဇီဝိတဒါန ကု သိုလ်ရှင်များနှင့် ဆွမ်းဆန်စိမ်းအလှူရှင်များ၏ အလှူငွေများဖြင့် ဆွမ်းအခက်အခဲရှိသည့် ပဲခူးမြို့ရှိ သီလရှင် ကျောင်းပေါင်း (၁၅၀) အား ပြီးခဲ့သည့်ရက်ပိုင်းတွင် အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ ကပ်ရောဂါဘေးနှင့် အခက်အခဲမျိုးစုံတွေ့ကြုံနေရတဲ့ကာလတွင် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး ခက်ခဲကြရုံမကဘဲ သာသနာဝန်ထမ်း သီလရှင်ဆရာကြီး ဆရာလေးများမှာလည်း ဆွမ်းအခက် အခဲ ရှိလာကြကြောင်း၊ သို့ဖြစ်၍ ယင်းအခက်အခဲများ အထိုက်လျောက်ပြေလျော့ကြစေရန် ရည်ရွယ်၍ ဆရာ လေးခေမာရံသီမှ ဦးဆောင်ပြီး စုပေါင်းဇီဝိတဒါန ကုသိုလ်ရှင်များနှင့် ဆွမ်းဆန်စိမ်းအလှူရှင်များ၏ အလှူ များဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ပဲခူးမြို့ရှိ သီလရှင်ကျောင်းပေါင်း (၁၅၀) ရှိ သီလရှင်ဆရာကြီးများနှင့် ဆရာလေးများ အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊ ခေါက်ဆွဲ၊  ကြက်သွန်၊ ဆား၊ ပဲ၊ ဆပ်ပြာနှင့် အလှူငွေတို့အား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မန္တလေးမြို့ရှိ နေစရာမရှိ၍ ဘုန်းကြီးကျောင်းများတွင် ခေတ္တမှီခိုနေထိုင်ကြသော အိမ်ထောင်စု (၂၁၀)   တို့အတွက် ဆန်နှင့် ကြက်သွန်တို့ကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ရှေ့ဆက်ပြီးလည်း အလွန်ချို့တဲ့စွာနေထိုင်ကြရသော အခက်အခဲအဖြစ်ဆုံးနေရာများ ရွေးချယ်၍ စားသောက် ဖွယ်များ ဆက်တိုက် ကူညီလှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သုညတဓမ္မရံသီ တရားရိပ်သာမှ သိရ သည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post