• Follow Us on

Home ဆရာလေး အဗျာကတာဓမ္မာ ဦးဆောင်၍ တစ်ပတ်လျှင် တစ်ကြိမ် နာမကျန်းဖြစ်သူများနှင့် ဘိုးဘွားများ အိမ် ထောင်စု (၁၀၀) ကို စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးနေ

ဆရာလေး အဗျာကတာဓမ္မာ ဦးဆောင်၍ တစ်ပတ်လျှင် တစ်ကြိမ် နာမကျန်းဖြစ်သူများနှင့် ဘိုးဘွားများ အိမ် ထောင်စု (၁၀၀) ကို စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးနေ

Share this post

ပဲခူး၊ ဒီဇင်ဘာ ၂၄ (People Media)

 

ရန်ကုန်-မန္တလေး အမြန်လမ်း (၁၈ မိုင် ၃ ဖာလုံ)ရှိ အဗျာကတာဓမ္မာဝိပဿနာရိပ်သာမှ ဦးစီးပဓာနနာယက ဆရာလေးအဗျာကတာဓမ္မာ ဦးဆောင်၍ စားဝတ်နေရေးဒုက္ခရောက်နေသောအသက်ကြီးရွယ်အို ဘိုးဘွားများ၊ နာမကျန်းဖြစ်နေသူများကို စားနပ်ရိက္ခာနှင့် ဆေးဝါးများထောက်ပံ့လှူဒါန်းပေးခြင်းကို အပတ်စဉ် တစ်ပတ်လျှင် တစ်ရက်အိမ်ထောင်စုဦးရေ (၁၀၀) တိတိကို ထောက်ပံ့လှူဒါန်းပေးနေကြောင်း အဗျာကတာဓမ္မာဝိပဿနာ ရိပ်သာမှ သိရသည်။

 

ဆက်လက်၍လည်း အပတ်စဉ် တစ်ပတ်လျှင် တစ်ရက် အိမ်ထောင်စု (၁၀၀) တိတိကို ထောက်ပံ့လှူဒါန်းပေး သွားမည်ဖြစ်ပြီး၊ အကူအညီတောင်းခံသူများသည် အသက် ၇၀ အထက် ခိုကိုးရာမဲ့ဖြစ်ရပါမည်။ အမှန်တကယ် စားဝတ်နေရေး ဒုက္ခရောက်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ရာတွင် မသန်းမစွမ်းဖြစ်နေသူများဖြစ်ပါက အသက်အကန့်အသတ်မရှိ ထောက်ပံ့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး #ဆရာလေးအဗျာကတာဓမ္မာ

 

(unicode)


……………………………………………………….

 


 


 


 


 

#PeopleMedia #သာသနာရေး #ဆရာလေးအဗြာကတာဓမ်မာ


Share this post