• Follow Us on

Home ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ရုရှားနိုင်ငံက ၂၀၂၄ ခုနှစ်တွင် ပြန်လည်ဆောင်ရွက်မည်

ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ရုရှားနိုင်ငံက ၂၀၂၄ ခုနှစ်တွင် ပြန်လည်ဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၇ (People Media)

 

ရေငုပ်သင်္ဘောပေါ်မှပစ်လွှတ်သည့် ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်မှုကို ၂၀၂၄ ခုနှစ်တွင် ပြန်လည် ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ကြေညာလိုက်သည်။

 

ရုရှားနိုင်ငံက ယခုနှစ် အောက်တိုဘာဘအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နျူကလီးယားစွမ်းအင်သုံးရေငုတ်သ င်္ဘောပေါ်မှာ ဆာကွန်ဒုံးကျည်ကိုပစ်ခတ်စမ်းသပ်ခဲ့ပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းစမ်းသပ်မှုသည် ရေငုပ်သင်္ဘောပေါ်မှ ဟိုက်ပါဆောနစ်ဒုံးကျည်ကို ပထမဦးဆုံးအကြိမ် အောင်မြင်စွာစမ်း သပ်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

“ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ၂၀၂၄ ခုနှစ်ထက်နောက်မကျဘဲ ပြန်လည်စတင်ဖို့ စီ စဉ်ထားပါတယ်။ အဲဒီအစီအစဉ်တွေကို Project 885M ရေငုပ်သင်္ဘောကနေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တကယ်လို့ ၂၀၂၄ ခုနှစ်မှာ ဆာကွန်ဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ ရေငုပ်သင်္ဘောက အဆင်သင့်မဖြစ်သေးဘူးဆို ရင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလမှာ ပြန်လည်စတင်သွားမှာဖြစ်ပါတယ်” ဟု ရုရှားအစိုးရ၏ ပြောစကားကို ကိုးကား၍ TASS သတင်းဌာနက ပြောသည်။

 

သို့သော် ဆာကွန်ဒုံးကျည်ထုတ်လုပ်ရေးနှင့်ပတ်သက်၍ မည်သည့်ရုရှားအစိုးရအရာရှိကမှ အတည်ပြုပြောကြား ခြင်းမရှိပေ။

 

အဆင့်မြှင့်တင်ထားပြီး Perm ဟု အမည်ပေးထားသော နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် ဆာ ကွန်ဆူပါဆောနစ်ဒုံးကျည်သယ်ဆောင်ထားသည့် ပထမဦးဆုံးရေငုပ်သင်္ဘောဖြစ်သည်။ ဆာကွန်ဒုံးကျည်များ တပ်ဆင်ထားသည့်ရေငုပ်သင်္ဘောကို ၂၀၂၅ ခုနှစ်တွင် ရုရှားရေတပ်သို့ ပေးပို့သွားရန်စီစဉ်ထားသည်။

 

ဆာကွန်အတန်းအစား ဟိုက်ပါဆောနစ်ဒုံးကျည်များသည် ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) အကွာအဝေးရှိ မည် သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ဆာကွန်ဒုံးကျည်ထုတ်လုပ်ရေးကို စိုက်လိုက် မတ်တတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း လေးငါးကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ပြီးဖြစ်သည်။

 

ဒုံးကျည်ပျံသန်းနေစဉ် လမ်းကြောင်းပြောင်း၍မရသော သမရိုးကျပဲ့ထိန်းဒုံးကျည်များနှင့် မတူသည်မှာ ဟိုက်ပါ ဆောနစ်ဒုံးကျည်များမှာ ပျံသန်းနေစဉ်အတွင်း ပဲ့ထိန်းလမ်းညွှန်နိုင်ပြီး စစ်သင်္ဘောများကဲ့သို့ ပစ်မှတ်များကို ထိ ရောက်စွာပစ်ခတ်နိုင်ခြင်းဖြစ်သည်။

 

Ref: Russia to Resume Sub-Launched Tsirkon Hypersonic Missile Tests in 2024

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russia to Resume Sub-Launched Tsirkon Hypersonic Missile Tests in 2024

 

#PeopleMedia


Share this post