• Follow Us on

Home ဆားလင်းကြီးမြို့နယ်၌ အမှုစစ်ပြီး ပြန်လာသည့် မြို့နယ်ရဲမှူး လိုက်ပါလာသောယာဉ် မိုင်းဆွဲခံရပြီး မြို့နယ်မှူး အပါအဝင် ရဲနှစ်ဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ဆားလင်းကြီးမြို့နယ်၌ အမှုစစ်ပြီး ပြန်လာသည့် မြို့နယ်ရဲမှူး လိုက်ပါလာသောယာဉ် မိုင်းဆွဲခံရပြီး မြို့နယ်မှူး အပါအဝင် ရဲနှစ်ဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၅ (People Media)

 

ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ တုံမြောက်ရွာအနီး၌ အမှု စစ်ပြီး ပြန်လာသည့် မြို့နယ်ရဲမှူးလိုက်ပါလာသောယာဉ် မိုင်းဆွဲခံရပြီး မြို့နယ်မှူးအပါအဝင် ရဲနှစ်ဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး People Media မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ရွာရှည် ကျေးရွာဘက်ကနေ အမှုစစ်ဆေးပြီး ဆားလင်းကြီးကို အပြန်မှာ ဖြစ်တာ။ မတ်တူးယာဉ်တစ်စီး၊ ပြီးတော့ ရဲတပ်ဖွဲ့တွေ အသုံးပြုတဲ့ လုံခြုံရေးယာဉ်တစ်စီး၊ အဲ့ဒီယာဉ်တန်းကို မိုင်းဆွဲတာ မြို့နယ်ရဲမှူးလိုက်ပါလာတဲ့ ယာဉ်က မိုင်းဆွဲခံရတာ“ လို့ ပြောပါတယ်။

 

မိုင်းဆွဲခံရမှုကြောင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မျိုးထွန်း၊ ရဲတပ်သား မျိုးလှိုင်းတို့သည် မိုင်းစ ထိမှန်ပြီး ကျဆုံးခဲ့သလို ရဲအုပ်လှမင်းနှင့် ရဲတပ်ကြပ်ကြီးမြင့်စန်းတို့သည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media က ထပ်မံ၍ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ရဲအုပ် သက်ပိုင် မောင်းလာတဲ့ယာဉ် မိုင်းထိတာပါ။ ဖြစ်စဉ်က မှန်ပါတယ်” လို့ ပြောပါတယ်။

 

ထပ်မံ၍ ဖြစ်စဉ်နှင့် ပတ်သက်၍ People Media က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူများထံ သီး ခြား အတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါဘူး။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းဆဲဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို စစ်ကိုင်း တိုင်းဒေသကြီးနှင့် ထိဆက်သည့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အပါအဝင် ဂန့်ဂေါခရိုင်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းဆဲဖြစ်တဲ့နေရာတွေ ဖြစ်ပါတယ်။

 

သွန်းသွန်း(PeopleMedia)

 

#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ #ပြည်ထဲရေးဝန်ကြီးဌာန #ဆားလင်းကြီးမြို့နယ်ရဲ တပ်ဖွဲ့

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 



Share this post