• Follow Us on

Home ဆားလင်းကြီးမြို့နယ်‌၊ ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ

ဆားလင်းကြီးမြို့နယ်‌၊ ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်‌ရ ညောင်ပင်ကြီးရဲစခန်းကို ဇန်နဝါရီ ၂ ရက်နေ့ မနက် ၃ နာရီ အချိန်ခန့်က ဒေသခံ PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က ဆားလင်းကြီးမြို့နယ်‌၊ ညောင်ပင်ကြီးရဲစခန်း၏ အနောက်မြောက်ဘက်မှ လက်နက်ငယ်များဖြင့် PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဖြစ်စဉ်၌ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

ညောင်ပင်ကြီး ရဲစခန်းအား Sarlingyi G Z Local PDF အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲတွင် ၎င်းတို့ဘက်မှ ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အပါအဝင် ကလေးမြို့၊ မုံရွာ၊ ရေဦး၊ ချောင်းဦး စသည့်မြို့ နယ်များရှိ ရဲကင်းစခန်များ၊ ရဲစခန်းများ တိုက်ခိုက်ခံရမှုဖြစ်ပေါ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #ညောင်ပင်ကြီးရဲစခန်း #ဆားလင်းကြီး

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post