• Follow Us on

Home ဆားလင်းကြီးမြို့၌ ကျောင်းဆရာတစ်ဦးသည် ကွမ်းခြံထဲတွင် အလုပ်လုပ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

ဆားလင်းကြီးမြို့၌ ကျောင်းဆရာတစ်ဦးသည် ကွမ်းခြံထဲတွင် အလုပ်လုပ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့၊ ဖောင်းကတာ(မြောက်)ရွာတွင် နေထိုင်သည့် ကျောင်းဆရာတစ်ဦး သည် ကွမ်းခြံ၌ အလုပ်လုပ်နေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီအချိန်ခန့်က ကျောင်းဆရာသည် ကွမ်းခြံထဲ၌ အလုပ်လုပ်နေစဉ် သေနတ်သမားများက ဝင်ရောက်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့က ညနေ ၄ နာရီ၊ ကွမ်းခြံထဲမှာ အလုပ်လုပ်တုန်း ဝင်သတ်သွားတာ။ သေနတ် ၃ သုံးချက်နဲ့ ပစ်သတ် သွားတယ်” လို့ ဒေသခံတစ်ဦးမှ ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ သံဃာတော်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်ထောက်ခံသူများ၊ ကျောင်း ဆရာများ၊ အုပ်ချုပ်ရေးမှူးများ၊ နှင်းဆီပါတီဝင်များလည်း လုပ်ကြံသတ်ဖြတ်မှုများလည်းဖြစ်ပေါ်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #ဆားလင်းကြီးမြို့

 

(unicode)


……………………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post