• Follow Us on

Home ဆိပ်ကြီးခနောင်တိုမြို့၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓါးဖြင့် အခုတ်ခံခဲ့ရသော်လည်း သေဆုံးမှုမရှိ

ဆိပ်ကြီးခနောင်တိုမြို့၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓါးဖြင့် အခုတ်ခံခဲ့ရသော်လည်း သေဆုံးမှုမရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့၌ စက်တင်ဘာ ၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓါးဖြင့် အခုတ်ခံ ခဲ့ရပြီးနောက် မြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး သေဆုံးခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ  ၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဆိပ်ကြီးခနောင်တိုမြို့၊ ဆမားဒူးရပ်ကွက် အပိုင်း ၁ တွင် နေထိုင်သူ မိုးခိုင်(ခေါ်) ကပ္ပလီမှာ ညဘက်မူးပြီးသောင်းကျန်းသည့်အတွက်ကြောင့် ယောက္ခမဖြစ်သူက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။

 

အဆိုပါ တိုင်ကြားမှုကြောင့် ရပ်ကွက်ဥက္ကဋ္ဌနှင့်အတူ ရဲတပ်ဖွဲ့ဝင် သုံးယောက်နှင့် ရောက်ရှိလာပြီး မိုးခိုင်(ခေါ်) ကပ္ပလီ စခန်းသို့ ခေါ်ဆောင်ခဲ့ပြီး နောက်နေ့ နံနက်၌ ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

 

ထိုနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် တာဝန်ဖြင့် အဆိုပါရပ်ကွက်သို့ ပြန်လည်ရောက်ရှိစဉ် မိုးခိုင်(ခေါ်) ကပ္ပလီ ဓါးဖြင့် လိုက်လံခုတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် ရဲက သေနတ်ဖြင့် ပြန်လည်ခုံခံရန် ကြိုးစားချိန်၌  မိုးခိုင်(ခေါ်) ကပ္ပလီက ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #ဆိပ်ကြီးခနောင်တိုမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post