• Follow Us on

Home ဆိုင်ကယ်စီးနင်းလာစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ စီးနင်းလာသည့် အမျိုးသားနှင့် အမျိုးသမီးဖြစ်သူ သေဆုံး

ဆိုင်ကယ်စီးနင်းလာစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ စီးနင်းလာသည့် အမျိုးသားနှင့် အမျိုးသမီးဖြစ်သူ သေဆုံး

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၁ (People Media)

 

မွန်ပြည်နယ်၊ ဘီလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်း အောင်ချမ်းသာအပိုင်း ဒီဇင်ဘာ ၁ ရက်နေ့ နံ နက်အစောပိုင်းတွင် ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်ပွား၍ ဆိုင်ကယ်စီးနင်းသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁ နာရီအချိန်ခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စီနှင်းလာသော ဆိုင်ကယ် တစ်စီးသည် ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်း အောင်ချမ်းသာအပိုင်းအရောက်တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

“ဖြစ်တာကတော့ ညက ဖြစ်တာပါ၊ မနက်ကျတော့မှ အလောင်းက လာကောက်သွားတာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကတော့ လာပြီးတော့ စစ်ဆေးသွားတယ်။ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေသွားတယ်။ အခင်းဖြစ်တဲ့နေရာမှာတော့ ဗုံးလို့ယူဆရတဲ့အရာတွေတော့ တွေ့ရ တယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

အဆိုပါ ပေါက်ကွဲသည့်နေရာအနီးတွင် (အထက) ကျောင်းတစ်ခုရှိကြောင်း ဒေသခံတစ်ဦးက အတည်ပြုပါ တယ်။

 

နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဘီးလင်းမြို့နယ် ဘီးလင်း-ရန်ကုန်ကားလမ်းတွင် မိုင်းထောင်သည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း သိပါတယ်။

 

#PeopleMedia #ဘီးလင်းမြို့ #ဗုံးပေါက်ကွဲမှု

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post