• Follow Us on

Home ဆိုင္ကယ္ဆီျပတ္သည္ဟုအေၾကာင္းျပ၍ အလွဴခံေနသည့္ အေယာင္ေဆာင္သကၤန္းဝတ္တစ္ဦးႏွင့္ လူတစ္ဦးကို ရဲစခန္းကိုအပ္ႏွံ

ဆိုင္ကယ္ဆီျပတ္သည္ဟုအေၾကာင္းျပ၍ အလွဴခံေနသည့္ အေယာင္ေဆာင္သကၤန္းဝတ္တစ္ဦးႏွင့္ လူတစ္ဦးကို ရဲစခန္းကိုအပ္ႏွံ

Share this post

 

မႏၲေလး၊ ဒီဇင္ဘာ ၁၅

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္ဆီျပတ္သည္ဟု အေၾကာင္းျပ၍ အလွဴခံေန သည့္ အေယာင္ေဆာင္သကၤန္းဝတ္သူတစ္ဦးႏွင့္ လူပုဂၢိဳလ္တစ္ဦးကို ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသနာထိန္း သိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ရဲစခန္းသို႔ အပ္ႏွံလိုက္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ သိပၸံလမ္းအေရွ႕ဘက္၊ ခ်မ္းျမသာစည္ ေလယာဥ္ကြင္းေဟာင္း အေနာက္ဘက္ရွိ လမ္းေပၚတြင္ သကၤန္းဝတ္ပုဂၢိဳလ္တစ္ဦးႏွင့္ လူပုဂၢိဳလ္တစ္ဦးတို႔ ဆိုင္ကယ္ဓာတ္ဆီျပတ္မႈအေၾကာင္းျပၿပီး အလွဴခံေနေၾကာင္းကို ျပည္သူတစ္ခ်ိဳ႕က တိုင္ၾကားခဲ့ၾကသည္။

ထို႔သို႔ တိုင္ၾကားျခင္းအေပၚ ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ အလွဴခံ ေနသည့္ေနရာသို႔ သြားေရာက္ခဲ့ရာ သကၤန္းဝတ္ထားသူတစ္ဦးႏွင့္ လူပုဂၢိဳလ္တစ္ဦးတို႔မွ လမ္းသြားသူမ်ားထံ အလွဴခံေနသည္ကို ေတြ႕ျမင္ခဲ့ရျခင္းျဖစ္သည္။

သို႔ျဖစ္၍ သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ သကၤန္းဝတ္ပုဂၢိဳလ္၏ ေနရပ္လိပ္စာကို စစ္ေဆး ေမးျမန္းၾကည့္ရာ ေမဓာသာရ(ခ)သက္ခိုင္၊ အသက္(၆၅)ႏွစ္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ ေနထိုင္သူျဖစ္ေၾကာင္း ျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္။

ယင္း ထြက္ဆိုခ်က္ကို သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ အထက္ပါ သကၤန္းဝတ္သူ ထြက္ဆိုသည့္ေနရာကို ဆက္သြယ္စုံစမ္းၾကည့္ရာ ၎မွ ေက်ာင္းတြင္ေနသူမဟုတ္ေၾကာင္း သိရွိခဲ့ရၿပီး ဆိုင္ကယ္သမားကို ထပ္မံ စစ္ေဆးေမးျမန္းခဲ့ရာ ၎၏ အမည္မွာ ေမာ္ေဇာ္၊ (အဘ) ဝင္းျမင့္၊ အပိုင္း(၇) သင္ပန္းကုန္းရပ္တြင္ေနသူျဖစ္သည္။

ဆက္လက္၍ အထက္ပါ လိမ္လည္သူႏွစ္ဦးအား ရွာေဖြရာ အိတ္ထဲမွ အကၤ်ီ (၁၂)ထည္၊ ပုဆိုး(၁)ထည္၊ လူစီးဖိနပ္ႏွင့္ အလွဴခံမွ ရရွိေငြက်ပ္(၅၀၀၀)နီးပါးကို ေတြ႕ရွိခဲ့ေၾကာင္း ထို႔ေၾကာင့္ အထက္ပါ လိမ္လည္သူ ႏွစ္ဦးကို ဥပေဒအရ အေရးယူေဆာင္ရြက္ေပးရန္ သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔ အပ္ႏွံလိုက္ေၾကာင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ သာသနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ဆိုသည္။

#PeopleMedia #မႏၲေလး

(unicode)
ဆိုင်ကယ်ဆီပြတ်သည်ဟုအကြောင်းပြ၍ အလှူခံနေသည့် အယောင်ဆောင်သင်္ကန်းဝတ်တစ်ဦးနှင့် လူတစ်ဦးကို ရဲစခန်းကိုအပ်နှံ
…………………………………………………………..

မန္တလေး၊ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ဆီပြတ်သည်ဟု အကြောင်းပြ၍ အလှူခံနေ သည့် အယောင်ဆောင်သင်္ကန်းဝတ်သူတစ်ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့က ရဲစခန်းသို့ အပ်နှံလိုက်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းအရှေ့ဘက်၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အနောက်ဘက်ရှိ လမ်းပေါ်တွင် သင်္ကန်းဝတ်ပုဂ္ဂိုလ်တစ်ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့ ဆိုင်ကယ်ဓာတ်ဆီပြတ်မှုအကြောင်းပြပြီး အလှူခံနေကြောင်းကို ပြည်သူတစ်ချို့က တိုင်ကြားခဲ့ကြသည်။

ထို့သို့ တိုင်ကြားခြင်းအပေါ် ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အလှူခံ နေသည့်နေရာသို့ သွားရောက်ခဲ့ရာ သင်္ကန်းဝတ်ထားသူတစ်ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့မှ လမ်းသွားသူများထံ အလှူခံနေသည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

သို့ဖြစ်၍ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သင်္ကန်းဝတ်ပုဂ္ဂိုလ်၏ နေရပ်လိပ်စာကို စစ်ဆေး မေးမြန်းကြည့်ရာ မေဓာသာရ(ခ)သက်ခိုင်၊ အသက်(၆၅)နှစ် ပြည်ကြီးတံခွန်မြို့နယ်၌ နေထိုင်သူဖြစ်ကြောင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ယင်း ထွက်ဆိုချက်ကို သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အထက်ပါ သင်္ကန်းဝတ်သူ ထွက်ဆိုသည့်နေရာကို ဆက်သွယ်စုံစမ်းကြည့်ရာ ၎င်းမှ ကျောင်းတွင်နေသူမဟုတ်ကြောင်း သိရှိခဲ့ရပြီး ဆိုင်ကယ်သမားကို ထပ်မံ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်း၏ အမည်မှာ မော်ဇော်၊ (အဘ) ဝင်းမြင့်၊ အပိုင်း(၇) သင်ပန်းကုန်းရပ်တွင်နေသူဖြစ်သည်။

ဆက်လက်၍ အထက်ပါ လိမ်လည်သူနှစ်ဦးအား ရှာဖွေရာ အိတ်ထဲမှ အင်္ကျီ (၁၂)ထည်၊ ပုဆိုး(၁)ထည်၊ လူစီးဖိနပ်နှင့် အလှူခံမှ ရရှိငွေကျပ်(၅၀၀၀)နီးပါးကို တွေ့ရှိခဲ့ကြောင်း ထို့ကြောင့် အထက်ပါ လိမ်လည်သူ နှစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ အပ်နှံလိုက်ကြောင်း ချမ်းမြသာစည်မြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုသည်။

#PeopleMedia #မန္တလေး


Share this post