• Follow Us on

Home ဆိုင်ကယ်သပိတ်တွင် ပါဝင်သည့် အမျိုးသမီးတစ်ဦး လေးခွနှင့် ပစ်ခံရမှုကြောင့် နဖူးထိမှန်

ဆိုင်ကယ်သပိတ်တွင် ပါဝင်သည့် အမျိုးသမီးတစ်ဦး လေးခွနှင့် ပစ်ခံရမှုကြောင့် နဖူးထိမှန်

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်၌ ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက လေးခွဖြင့် ပစ်ခတ်ခံရမှုကြောင့် နဖူးကွဲထိမှန်ခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းဆိုင်ကယ်သပိတ်တွင် ပါဝင်ခဲ့သည့်အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ဆိုသည်။

 

“အခုလေးခွမှန်တဲ့ ကလေးမကို သပိတ်စစ်ကြောင်းမှာ တွေ့လိုက်တယ်။ အိမ်ပြန်တဲ့အခါမှာ ဖြစ်သွားတာလေး။ ဆယ့်နှစ်နာရီလောက်မှာပဲဖြစ်သွားတာ ခုလေးတင်ပဲ။ အခုတော့ အိမ်ပြန်သွားပြီ ပတ်တီးတွေဘာတွေစည်းပြီး ပြန်သွားပြီ” ဟု ယင်းသပိတ်တွင် ပါဝင်ခဲ့သည့်အမျိုးသမီးတစ်ဦးက ပြောသည်။

 

အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၂၂) ညကလည်း မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ရှာမီးဒံပေါက်ဆိုင်မှာ ကလေးငယ်တစ်ဦးအိမ်ရှေ့ထွက်လာစဉ် လှည့်ကင်းလှည့်နေသည့်ကားပေါ်မှ လေးဂွဖြင့် ပစ်ခတ်မှုကြောင်း နဖူးထိမှန်ကာ လေးချက်ချုပ်လိုက်ရကြောင်း သိရသည်။

 

လွမ်းအောင်

 

#PeopleMedia #မြစ်ကြီးနား #သပိတ်

 

(unicode)

…………………………………………………………









Share this post