• Follow Us on

Home ဆိုင္ကယ္ေပၚမွ ပစ္ခ်လိုက္သည့္ အထုပ္ကို စစ္ေဆးရာ မူးယစ္ေဆးဝါးမ်ားေတြ႕

ဆိုင္ကယ္ေပၚမွ ပစ္ခ်လိုက္သည့္ အထုပ္ကို စစ္ေဆးရာ မူးယစ္ေဆးဝါးမ်ားေတြ႕

Share this post

ဗန္းေမာ္၊ နိုဝင္ဘာ ၁၃

ဗန္းေမာ္-ျမစ္ႀကီးနာ ကားလမ္း(၃)မိုင္ၿမိဳ႕ေရွာင္လမ္းတြင္ နိုဝင္ဘာ ၁၂ရက္ေန႔လည္ပိုင္းက ဆိုင္ကယ္စီးလာသူက ကားလမ္းေပၚသို႔ ပစ္ခ်လိုက္သည့္ အထုပ္(၁)ထုပ္ကို စစ္ေဆးရာ မူးယစ္ေဆးဝါးမ်ားေတြ႕ရွိ၍ ဖမ္းဆီးအေရးယူထားသည္။
မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဗန္းေမာ္ၿမိဳ႕ နယ္၊ ဗန္းေမာ္-ျမစ္ႀကီးနားသြားကားလမ္း (၃)မိုင္ၿမိဳ႕ေရွာင္လမ္ႏွင့္ မီးေလးစတိုးလမ္းသြယ္တြင္ သတင္း အရ ေစာင့္ဆိုင္းေနစဥ္ ဦးေက်ာ္(ခ)ကိုကိုေက်ာ္ ေမာင္းႏွင္ၿပီး မေအးေအးခိုင္(ခ)မခိုင္ လိုက္ပါလာသည့့္YINXLANG -125 အမ်ိဳးစားဆိုင္ကယ္အစိမ္းေရာင္ဆိုင္ကယ္အား ရွာေဖြရပ္တန္႔စစ္ေဆးရာ ဦးေက်ာ္(ခ) ကိုကိုေက်ာ္မွ ၎၏ယာဘက္လက္အတြင္းမွ အထုပ္(၁)ထုပ္အား ကားလမ္းေပၚသို႔ ပစ္ခ်လိုက္သည္ကိုေတြ႕ရသျဖင့္ သက္ေသမ်ားေရွ႕တြင္ ဖြင့္ေဖာက္စစ္ေဆးရာ ယင္းသို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ အထုပ္မွ အနက္ေရာင္တိတ္၊အနက္ေရာင္ ႂကြပ္ႂကြပ္အိတ္ျဖင့္ထုပ္ထား တဲ့ ကမၻာလုံးတံဆိပ္ပါအျပာေရာင္ပလပ္စတစ္ကပ္ခြာအိတ္အတြင္းမွ စိတ္ႂကြေဆးျပားဟုယူဆရေသား ပန္းေရာင္ေဆးျပား(၅၈)ျပား၊စိတ္ႂကြေဆးျပားအေၾကမႈန္႔အေလးခ်ိန္(၁၃)ဂရမ္စီခန္႔ပါ(၃)ထုပ္၊စုစုေပါင္းစိတ္ႂကြေဆးျပား(၁၇၄)ျပား၊အေလးခ်ိန္(၁၇.၄)ဂရမ္ခန္႔ႏွင့္စုစုေပါင္းစိတ္ႂကြေဆးျပားအေၾကမႈန္႔အေလးခ်ိန္(၃၉)ဂရမ္ခန္႔ႏွင့္ ၎၏ခါးၾကားယာဘက္ေဘးမွ ေရႊအိုေရာင္စပ္ၾကားဖုန္း(၁)လုံး တို႔အားေတြ႕ရွိရေၾကာင္း ဗန္းေမာ္ၿမိဳ႕မရဲစခန္းမွသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈႏွင့္ ဗန္းေမာ္ၿမိဳ႕နယ္၊ကံႀကီးကမၻာနီေက်းရြာေနသူ ဦးေက်ာ္(ခ)ဦးကိုကိုေက်ာ္ (၄၅)ႏွစ္၊ဗန္းေမာ္ၿမိဳ႕နယ္၊ကံႀကီးကမၻာနီေက်းရြာေနသူ မေအးေအးခိုင္(ခ)မခိုင္(၄၅) ႏွစ္တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥအေဒအရအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ၿဖိဳးၿဖိဳး

#PeopleMedia #မူးယစ္

(unicode)
ဆိုင်ကယ်ပေါ်မှ ပစ်ချလိုက်သည့် အထုပ်ကို စစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ ……………………………………………….
ဗန်းမော်၊ နိုဝင်ဘာ ၁၃ ဗန်းမော်-မြစ်ကြီးနာ ကားလမ်း(၃)မိုင်မြို့ရှောင်လမ်းတွင် နိုဝင်ဘာ ၁၂ရက်နေ့လည်ပိုင်းက ဆိုင်ကယ်စီးလာသူက ကားလမ်းပေါ်သို့ ပစ်ချလိုက်သည့် အထုပ်(၁)ထုပ်ကို စစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိ၍ ဖမ်းဆီးအရေးယူထားသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဗန်းမော်မြို့ နယ်၊ ဗန်းမော်-မြစ်ကြီးနားသွားကားလမ်း (၃)မိုင်မြို့ရှောင်လမ်နှင့် မီးလေးစတိုးလမ်းသွယ်တွင် သတင်း အရ စောင့်ဆိုင်းနေစဉ် ဦးကျော်(ခ)ကိုကိုကျော် မောင်းနှင်ပြီး မအေးအေးခိုင်(ခ)မခိုင် လိုက်ပါလာသည့့်YINXLANG -125 အမျိုးစားဆိုင်ကယ်အစိမ်းရောင်ဆိုင်ကယ်အား ရှာဖွေရပ်တန့်စစ်ဆေးရာ ဦးကျော်(ခ) ကိုကိုကျော်မှ ၎င်း၏ယာဘက်လက်အတွင်းမှ အထုပ်(၁)ထုပ်အား ကားလမ်းပေါ်သို့ ပစ်ချလိုက်သည်ကိုတွေ့ရသဖြင့် သက်သေများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အထုပ်မှ အနက်ရောင်တိတ်၊အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထား တဲ့ ကမ္ဘာလုံးတံဆိပ်ပါအပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ စိတ်ကြွဆေးပြားဟုယူဆရသေား ပန်းရောင်ဆေးပြား(၅၈)ပြား၊စိတ်ကြွဆေးပြားအကြေမှုန့်အလေးချိန်(၁၃)ဂရမ်စီခန့်ပါ(၃)ထုပ်၊စုစုပေါင်းစိတ်ကြွဆေးပြား(၁၇၄)ပြား၊အလေးချိန်(၁၇.၄)ဂရမ်ခန့်နှင့်စုစုပေါင်းစိတ်ကြွဆေးပြားအကြေမှုန့်အလေးချိန်(၃၉)ဂရမ်ခန့်နှင့် ၎င်း၏ခါးကြားယာဘက်ဘေးမှ ရွှေအိုရောင်စပ်ကြားဖုန်း(၁)လုံး တို့အားတွေ့ရှိရကြောင်း ဗန်းမော်မြို့မရဲစခန်းမှသိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနှင့် ဗန်းမော်မြို့နယ်၊ကံကြီးကမ္ဘာနီကျေးရွာနေသူ ဦးကျော်(ခ)ဦးကိုကိုကျော် (၄၅)နှစ်၊ဗန်းမော်မြို့နယ်၊ကံကြီးကမ္ဘာနီကျေးရွာနေသူ မအေးအေးခိုင်(ခ)မခိုင်(၄၅) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥအဒေအရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြိုးဖြိုး
#PeopleMedia #မူးယစ်


Share this post