• Follow Us on

Home ဆိုင္ကလုန္းမုန္တိုင္း “အမ္ဖန္” တိုက္ခတ္မႈေၾကာင့္ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္တြင္ လူ ၂၄ ဉီးထက္မနည္း ေသဆုံး

ဆိုင္ကလုန္းမုန္တိုင္း “အမ္ဖန္” တိုက္ခတ္မႈေၾကာင့္ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္တြင္ လူ ၂၄ ဉီးထက္မနည္း ေသဆုံး

Share this post

နိုင္ငံတကာ၊ ေမ ၂၁

အိႏၵိယနိုင္ငံအေရွ႕ပိုင္း ကိုးလ္ကတၱားၿမိဳ႕မွာ အင္အားအလြန္ျပင္းထန္ေသာ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” တိုက္ခတ္မႈေၾကာင့္ ဖြတ္ဖြတ္ညစ္ေက်သြားခဲ့ေၾကာင္း သိရသည္။

ယမန္ေန႕က အိႏၵိယနိုင္ငံအေရွ႕ပိုင္းႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံတြင္ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” တိုက္ခတ္ ခဲ့ရာ လူ ၂၄ ဉီးထက္မနည္း ေသဆုံးခဲ့ၿပီး ကမ္းရိုးတန္းေဒသမ်ားတြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈျဖစ္ေစခဲ့သည္။

ကိုးလ္ကတၱားၿမိဳ႕ေတာ္ေန ျပည္သူ ၁၄ သန္းမွာ လွ်ပ္စစ္မီးမရရွိဘဲ အေနာက္ဘင္ေဂါျပည္နယ္ ဝန္ႀကီး ခ်ဳပ္ မန္မာတာဘာနာဂ်ီးက ထိခိုက္ပ်က္စီးမႈမွာ ကိုဗစ္-၁၉ ေရာဂါထက္ ပိုမိုမ်ားျပားေၾကာင္း ေျပာၾကားခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၃၁၀၀ ေက်ာ္ျဖစ္ပြားရာ ကိုးလ္ကတၱားၿမိဳ႕မွာ အေနာက္ဘင္ေဂါျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္သည္။ “စစ္ပြဲတစ္ပြဲလို အေျခအေနမ်ိဳးကို ဒီေန႕ ကြၽန္မ ႀကဳံေတြ႕ခဲ့ရပါၿပီ” ဟု ဘာနာဂ်ီးက ေျပာသည္။

အေနာက္ဘင္ေဂါျပည္နယ္တြင္ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” တိုက္ခတ္မႈေၾကာင့္ လူ ၁၂ ဉီး ေသဆုံးခဲ့ ၿပီး ခရိုင္သုံးခုမွာ အဆိုး႐ြားဆုံးခံခဲ့ရသည္။ မုန္တိုင္းေဘးသင့္ ေဒသအခ်ိဳ႕တြင္ ဖုန္းလိုင္းမမိေၾကာင္း သိရသည္။

ေဒသႏၲရ သတင္းကြန္ရက္မ်ားတြင္ အျမစ္ျပဳတ္ေနသည့္သစ္ပင္မ်ား၊ လဲက်ေနသည့္ မီးတိုင္မ်ားႏွင့္ မီး ပြိုင့္မ်ားကို ျပသေနသလို ေရလႊမ္းမိုးေနသည့္လမ္းမမ်ား၊ လဲက်ေနေသာ သစ္ပင္မ်ားေအာက္ ေရာက္ရွိေနသည့္ ေမာ္ေတာ္ကားမ်ား၊ က်ိဳးပ်က္ေနသည့္ ျမစ္ဆိပ္မ်ားကိုလည္း ေဖာ္ျပခဲ့ၾကသည္။

ကိုရိုနာဗိုင္းရပ္စ္ ကန႔္သတ္ခ်က္မ်ားက အေရးေပၚကယ္ဆယ္ေရး လုပ္ငန္းမ်ားကို အေႏွာင့္အယွက္ျဖစ္ ေစသည္။ တစ္ဉီးႏွင့္တစ္ဉီး ခပ္ခြာခြာေနရသည့္ အစီအမံမ်ားေၾကာင့္ အာဏာပိုင္မ်ားအတြက္ ျပည္သူမ်ားကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းရာတြင္ အခက္အခဲျဖစ္ေစၿပီး မုန္တိုင္းေရွာင္စခန္းမ်ားကိုလည္း အျပည့္အဝ အသုံးမျပဳ နိုင္ေပ။

“အမ္ဖန္” မွာ ၁၉၉၉ ခုႏွစ္ေနာက္ပိုင္း ဘဂၤလားပင္လယ္ေအာ္အတြင္း အင္အားအျပင္းထန္ဆုံး စူပါ ဆိုင္ ကလုန္းမုန္တိုင္းျဖစ္သည္။ “အမ္ဖန္” မုန္တိုင္း တိုက္ခတ္မႈမ်ား အရွိန္ေလွ်ာ့က်သြားၿပီျဖစ္ေသာ္လည္း အလြန္ အင္အားျပင္းထန္ေသာ ဆိုင္ကလုံးမုန္တိုင္းတစ္ခုအျဖစ္ သတ္မွတ္ထားဆဲျဖစ္သည္။

ကိုးကား – ဘီဘီစီ

Ref; Amphan: Indian city of Kolkata devastated by cyclone

#PeopleMedia

[Unicode]
ဆိုင်ကလုန်းမုန်တိုင်း “အမ်ဖန်” တိုက်ခတ်မှုကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၂၄ ဉီးထက်မနည်း သေဆုံး
…………………………………………………………………………….

နိုင်ငံတကာ၊ မေ ၂၁

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့မှာ အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ်မှုကြောင့် ဖွတ်ဖွတ်ညစ်ကျေသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ် ခဲ့ရာ လူ ၂၄ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စေခဲ့သည်။

ကိုးလ်ကတ္တားမြို့တော်နေ ပြည်သူ ၁၄ သန်းမှာ လျှပ်စစ်မီးမရရှိဘဲ အနောက်ဘင်ဂေါပြည်နယ် ဝန်ကြီး ချုပ် မန်မာတာဘာနာဂျီးက ထိခိုက်ပျက်စီးမှုမှာ ကိုဗစ်-၁၉ ရောဂါထက် ပိုမိုများပြားကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၁၀၀ ကျော်ဖြစ်ပွားရာ ကိုးလ်ကတ္တားမြို့မှာ အနောက်ဘင်ဂေါပြည်နယ်၏ မြို့တော်ဖြစ်သည်။ “စစ်ပွဲတစ်ပွဲလို အခြေအနေမျိုးကို ဒီနေ့ ကျွန်မ ကြုံတွေ့ခဲ့ရပါပြီ” ဟု ဘာနာဂျီးက ပြောသည်။

အနောက်ဘင်ဂေါပြည်နယ်တွင် ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ်မှုကြောင့် လူ ၁၂ ဉီး သေဆုံးခဲ့ ပြီး ခရိုင်သုံးခုမှာ အဆိုးရွားဆုံးခံခဲ့ရသည်။ မုန်တိုင်းဘေးသင့် ဒေသအချို့တွင် ဖုန်းလိုင်းမမိကြောင်း သိရသည်။

ဒေသန္တရ သတင်းကွန်ရက်များတွင် အမြစ်ပြုတ်နေသည့်သစ်ပင်များ၊ လဲကျနေသည့် မီးတိုင်များနှင့် မီး ပွိုင့်များကို ပြသနေသလို ရေလွှမ်းမိုးနေသည့်လမ်းမများ၊ လဲကျနေသော သစ်ပင်များအောက် ရောက်ရှိနေသည့် မော်တော်ကားများ၊ ကျိုးပျက်နေသည့် မြစ်ဆိပ်များကိုလည်း ဖော်ပြခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ် စေသည်။ တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေရသည့် အစီအမံများကြောင့် အာဏာပိုင်များအတွက် ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းရာတွင် အခက်အခဲဖြစ်စေပြီး မုန်တိုင်းရှောင်စခန်းများကိုလည်း အပြည့်အဝ အသုံးမပြု နိုင်ပေ။

“အမ်ဖန်” မှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း အင်အားအပြင်းထန်ဆုံး စူပါ ဆိုင် ကလုန်းမုန်တိုင်းဖြစ်သည်။ “အမ်ဖန်” မုန်တိုင်း တိုက်ခတ်မှုများ အရှိန်လျှော့ကျသွားပြီဖြစ်သော်လည်း အလွန် အင်အားပြင်းထန်သော ဆိုင်ကလုံးမုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။

ကိုးကား – ဘီဘီစီ

Ref; Amphan: Indian city of Kolkata devastated by cyclone

#PeopleMedia


Share this post