• Follow Us on

Home ဆိုလာပါဝါစက်ရုံတည်ဆောက်ရာတွင် သူမနာမည်ပေးသည်ကို ဝန်ကြီးချုပ်ဟာစီနာ ကန့်ကွက်ငြင်းဆို

ဆိုလာပါဝါစက်ရုံတည်ဆောက်ရာတွင် သူမနာမည်ပေးသည်ကို ဝန်ကြီးချုပ်ဟာစီနာ ကန့်ကွက်ငြင်းဆို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂ (People Media)

 

အမျိုးသားစီးပွားရေးကောင်စီ အမှုဆောင်ကော်မတီ ECNEC သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မာဒါဂျန်မြို့တွင် ၁၀၀ မီဂါဝပ် ဓာတ်အားပေးစက်ရုံတစ်ရုံ ဆောက်လုပ်ရန် အင်္ဂါနေ့ကခွင့်ပြုလိုက်သော်လည်း ကော်မတီဝင်များက စီမံ ကိန်းနာမည်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏အမည်ပေးထားသည်ကို လျစ်လျူရှုခံခဲ့ရကြောင်း စီမံ ကိန်းဝန်ကြီး မိုဟာမက် အဗ္ဗဒူမန်နန်ကပြောသည်။

 

“ဝန်ကြီးချုပ်က စီမံကိန်းကိုသူ့နာမည်ပေးတာ သဘောမကျဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောပါတယ်။ ကော်မ တီဝင်တွေကလည်း ဝန်ကြီးချုပ်ဟာ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကို ဆိုလာပါဝါတွေ အသုံးပြုဖို့ ကနဦးဆောင်ရွက်ခဲ့တယ်ဆိုတာ သတိပေးထောက်ပြခဲ့ပါတယ်” ဟု “ရှိတ်ဟာစီနာဆိုလာအထူးဇုံ” ဟု အဆိုပြုအမည်ပေးထားခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ်၏တုံ့ပြန်မှုကို အဗ္ဗဒူမန်နန်ကပြောသည်။

 

သို့သော် ဝန်ကြီးချုပ်ဟာစီနာက သဘောထားမပြောင်းလဲဘဲ သူမ၏နာမည်ကို ပြောင်းလဲခိုင်းသည်။ “အဲဒီ နာမည်ကို ဘန်ဂဘန်ဒူအဖွဲ့က အတည်ပြုထောက်ခံထားတယ်ဆိုတာ ကျွန်တော်တို့ ဝန်ကြီးချုပ်ကို တင်ပြခဲ့ပါ တယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်က လိုအပ်ရင် ဘန်ဂဘန်ဒူအဖွဲ့နဲ့ စကားပြောမယ်လို့ပြောပါတယ်” ဟု ၎င်းကပြော သည်။ အဝါမီလိဂ်ပါတီအကြီးအကဲက “ရှိတ်ဟာစီနာဆိုလာအထူးဇုံ” အစား “ဆိုလာပါဝါ မာဒါဂျန်” ဟုအမည် ပေးရန် အကြံပြုခဲ့ကြောင်း ၎င်းကပြောသည်။

 

ခန့်မှန်းကုန်ကျငွေ တာကာ ၁၅ ဘီလျံကုန်ကျမည့် အဆိုပါစီမံကိန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကျေးလက် ဒေသစွမ်းအင်ကုမ္ပဏီလီမိတက် (Rural Power Company Limited) က အကောင်အထည်ဖော်ဆောင်ရွက် သွားရန် လျာထားသည်။ စီမံချက်ဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက တာကာ ၃.၂ ဘီလျံ ကျခံသုံးစွဲ မည်ဖြစ်ပြီး ကျန်လိုငွေများကို အိန္ဒိယအစိုးရထံမှ ချေးယူသုံးစွဲသွားမည်ဖြစ်ကြောင်းသိရသည်။

 

တာကာ ၈၀ ဘီလျံကုန်ကျမည့် စီမံကိန်း ၁၀ ခုကို အမျိုးသားစီးပွားရေးကောင်စီ အမှုဆောင်ကော်မတီက အင်္ဂါ နေ့က ထောက်ခံခွင့်ပြုလိုက်သည်။ တာကာ ၁၁.၈၈ ဘီလျံကို ပြည်ပနိုင်ငံများမှ ချေးယူသုံးစွဲသွားမည်ဖြစ်ပြီး တာကာ ၆၆.၆ ဘီလျံကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ ကျခံသုံးစွဲသွားမည်ဖြစ်သည်။

 

Ref: Hasina spurns plans to name solar power plant after her

 

#PeopleMedia #ဝန်ကြီးချုပ်ဟာစီနာ

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 

Ref: Hasina spurns plans to name solar power plant after her

 



Share this post